စမ်းစုနွားပွဲဈေး

A d v e r t i s e m e n t With Us

June 17, 2020

ကိုဗစ်ကပ်ဘေးကာလ ပိတ်ထားသည့် ချောက်မြို့နယ် စမ်းစုနွားပွဲဈေး ပြန်လည်ဖွင့်လှစ်

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပိတ်သိမ်းထားသော ချောက်မြို့နယ် မကျီးကန်ကျေးရွာအုပ်စု စမ်းစုကျေးရွာရှိ ကျွဲနွားပွဲဈေးကို ဇွန်လ ၁၆ ရက်က ပြန်လည်စတင်ဖွင့်လှစ်လိုက်ပါတယ်။ ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်းက  “အစိုးရအဖွဲ့က ဖွင့်လှစ်ခွင့်ပြုပြီးပြီ။ ကျနော်တို့အဖွဲ့က စည်းကမ်းချက် ကိုက်ညီမှုရှိ၊ မရှိ သွားရောက်စစ်ဆေးတာ။ လက်ဆေးဘေစင်၊ ဆပ်ပြာရည်၊ Handgel၊ နှာခေါင်းစည်း Mask၊  face shield တို့ကို စစ်ဆေးတာ။ လိုက်နာမှုရှိလို့ ဖွင့်လှစ်ခွင့်ပြုခဲ့တယ်”လို့ ပြောပါတယ်။ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမန်း၊ စားသုံးသူရေးရာဦးစီးမှူး ဦးမျိုးဝင်းတို့ပါ ပူးပေါင်းအဖွဲ့က စစ်ဆေးပြီး မနေ့က ပြန်လည်ဖွင့်လှစ်လိုက်တာပါ။ မကွေးတိုင်းအတွင်းရှိ မကွေး၊ ချောက်၊ တောင်တွင်းကြီး၊ နတ်မောက်၊ စလင်း၊ သရက်၊ အောင်လံ၊ ကံမ၊ ပခုက္ကူ၊ ပေါက်မြို့တို့ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ၁၁ ဖွဲ့ရဲ့ ကျွဲ၊ နွားပွဲဈေးတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇွန်လ ၁၂ ရက်နေ့ ရက်စွဲပါစာအရ ဇွန်လ ၁၃ ရက်နေ့မှဦ ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့တယ်လို့ ချောက်မြို့စည်ပင်သာယာရေးအဖွဲ့က သိရပါတယ်။ နွားပွဲဈေးတွေမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာပါက ပထမအကြိမ် နွားပွဲဈေး သုံးကြိမ်၊ ဒုတိယအကြိမ် ၁၀ ကြိမ် ပိတ်သိမ်းမှာဖြစ်ပြီး တတိယအကြိမ် မလိုက်နာပါက ကူးစက်ရောဂါ တည်ဆဲဥပဒေရေးဥပဒေနဲ့ အရေးယူမယ်လို့  သိရပါတယ်။ ချောက်မြို့နယ် စမ်းစုကျေးရွာရှိ ကျွဲနွားပွဲဈေး လုပ်ကိုင်ခွင့် လေလံလိုင်စင်ကြေးက အခု ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ် ၂၅၂ သိန်းရှိပါတယ်။  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ဖို့ မတ်လ ၂၈ ရက်က ပိတ်သိမ်းခဲ့တဲ့ နွားပွဲဈေးကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ကြပ်မတ်ဆောင်ရွက်သွားမယ်လို့ ချောက်မြို့စည်ပင်သာယာရေးအဖွဲ့မှ သိရပါတယ်။ ကိုလင်း(ချောက်)
9 months Ago
Up