စမ်းချောင်းမြို့နယ်

January 18, 2022

စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်က မီးလိုက်ဖြတ်နေ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းက မီတာမဆောင်တဲ့အိမ်တွေကို လျှပ်စစ်ဌာနဝန်ထမ်းတွေက စစ်ကောင်စီတပ်တွေပါ ခေါ်ပြီး တစ်လမ်းဝင်တစ်လမ်းထွက် မီးလိုက်ဖြတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဗဟိုလမ်း၊ သံတံတားလမ်း၊ အင်္ဂပူလမ်း၊ တရုတ်ကျောင်းလမ်းတလျှောက် မီတာမဆောင်တဲ့ အိမ်တွေကို လိုက်ဖြတ်နေတာဖြစ်ပြီး မီတာဆောင်ထားတဲ့ အထောက်အထား မပြနိုင်ရင် ချက်ချင်းမီးဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စမ်းချောင်းမှာ နေထိုင်သူတဦးက "မီတာစာရွက်ပြခိုင်းတာ ဆောင်ထားလား၊ မဆောင်ထားဘူးလား စစ်တာ။ မဆောင်ထားရင် မီးဖြတ်သွားတယ်။ မီတာက ဆောင်ဆောင် မဆောင်ဆောင် မီးက ခဏခဏ ပျက်နေတာ။ ဆောင်လည်း ဘာမှ သိပ်မထူးဘူး။ ပျက်ချင်တဲ့ အချိန်ပျက်နေတာလေ" လို့ ပြောပါတယ်။ 

မီတာလိုက်ဖြတ်ပြီးနောက် စမ်းချောင်းမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်သားတွေ ကားနဲ့ လှည့်လည်နေခဲ့တယ်လို့လည်း သိရပါတယ်။

ရန်ကုန်မှာ လတ်တလော သတင်းပတ်တွေမှာ  လျှပ်စစ်မီး အကြိမ်ကြိမ်ပျက်နေတဲ့ အတွက် အိမ်ရှင်မတွေနဲ့  အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတွေ အခက်ကြုံနေကြရပါတယ်။

9 months Ago

September 10, 2021

စမ်းချောင်းမြို့နယ်၌ လမ်းဘေးဈေးသည်များကို ဈေးမရောင်းရန် အမိန့်ထုတ်

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းမဘေး ဝဲ၊ ယာမှာ လမ်းဘေးစျေးသည်တွေ စျေးရောင်းချခြင်း မပြုဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက စက်တင်ဘာ ၁၀ ရက်  ဒီနေ့ ညနေ ၃ နာရီလောက်က လိုက်လံ ဆော်ဩနေပါတယ်။ 

ဒါ့အပြင် စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ဗဟိုလမ်းမကြီးကို တောင်မှမြောက်၊ ဗားကရာလမ်းမကြီးကို ဗားကရာလမ်းကနေ ဟံသာဝတီလမ်းဘက်တောင်မှ မြောက်၊ ဟံသာဝတီအဝိုင်းမှ ဗားကရာအထိ ကျွန်းတောလမ်းမကြီးကို မြောက်မှ တောင် တစ်လမ်းသွား အဖြစ် သတ်မှတ်လိုက်တယ်လို့ လိုက်လံကြေညာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စက်တင်ဘာ ၉ ရက်နေ့ ညနေပိုင်းက ပစ်ခတ်ပေါက်ကွဲမှုအပြီး စမ်းချောင်းမြို့နယ်ထဲ လုံခြုံရေးတင်းကျပ်ထားသလို စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းကလည်း ဂွစျေးကို ပိတ်ခိုင်းထားပြီး လမ်းတစ်ချို့ကို ပိတ်ဆို့ထားပါတယ်။

1 year Ago
More News
Up