စမ်းချောင်း

January 23, 2019

စမ်းချောင်းမြို့နယ်တွင် မီးလောင်၊ လူ ၃ ဦးသေဆုံး

ရန်ကုန်၊ စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းနဲ့ ကျိုက်လတ်လမ်းထောင့်မှာ ဇန်နဝါရီ ၂၃ ရက် မနက် ၅ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားပြီး လူ ၃ ဦး သေဆုံးသွားတယ်လို့  စမ်းချောင်းမြို့မ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။ ရွှေတောင်လက်ဖက်ရည်ဆိုင်ကနေ မီးစတင်လောင်ကျွမ်းခဲ့ပြီး အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး သေဆုံးသွားတယ်လို့လည်း ရဲစခန်းက ပြောပါတယ်။ မနက် ၅ နာရီ ၃၉ မိနစ် အချိန်လောက်မှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ မီးသတ်တပ်ဖွဲ့က Level1 ယာဉ်အုပ်စုတွေ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ ကျော်လောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ မီးလောင်မှုနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကတော့ တွက်ချက်နေဆဲမို့ အသေးစိတ် မသိရသေးဘူးလို့ စမ်းချောင်းမီးသတ်က ပြောပါတယ်။
2 years Ago
Up