စမောလင်း

May 26, 2022

ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲတွင် ရိုးမားအသင်း အနိုင်ရဗိုလ်စွဲ

ဥရောပကွန်းဖရန့်လိဂ် ဗိုလ်လုပွဲအဖြစ် အီတလီကလပ် ရိုးမားနဲ့ ဒတ်ချ်ကလပ် ဖီယင်နုတို့ မေလ ၂၅ ရက် မနေ့ညက ယှဉ်ပြိုင်ရာ ရိုးမားအသင်းက တဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဗိုလ်စွဲသွားပါတယ်။

ရိုးမားအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၃၂ မိနစ်မှာ ဇာနီအိုလိုက သွင်းယူပေးခဲ့ပါတယ်။

ဖီယင်နုအသင်းဟာ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ချေပဂိုးရဖို့ တိုက်စစ်မြှင့်ကစားခဲ့ပြီး ဂိုးကန်သွင်းချက်ရော ဘောလုံးပိုင်ဆိုင်မှာပါ အသာစီးရယူနိုင်ခဲ့ပေမယ့် လိုအပ်တဲ့ ချေပဂိုး မရခဲ့ဘဲ အရှုံးပေးခဲ့ရတာပါ။

ဒီပွဲမှာ ဖီယင်နုအသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တား ကာကွယ်နိုင်ခဲ့တဲ့ ရိုးမားအသင်း နောက်ခံလူ စမောလင်းကို ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။

စမောလင်းဟာ ဖီယင်နုအသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ဒက်ဆာစ်၊ ဆာနစ္စတယ်ရာတို့ရဲ့ အားကောင်းလှတဲ့ တိုက်စစ်ကို ပွဲချိန်ပြည့် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

UEFA Technical Observer အဖွဲ့က စမောလင်းကို ရိုးမားအသင်း နောက်တန်းမှာ ခိုင်မာတဲ့ ကျောက်ဆောင်တခုလို စွမ်းဆောင်နိုင်ကြောင်း ချီးကျူးခဲ့ကြပါတယ်။

ရိုးမားနည်းပြ မော်ရင်ဟိုအတွက်လည်း ဒီရာသီမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကွန်းဖရန့်လိဂ်မှာ ပထမဆုံး အောင်ပွဲရယူနိုင်တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားသလို ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် - ၂ ကြိမ်၊ ကွန်းဖရန့်လိဂ် - ၁ ကြိမ် စုစုပေါင်း ဥရောပမေဂျာဖလား ၅ လုံး ဆွတ်ခူးနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

3 months Ago

October 15, 2020

ရိုးမားအသင်းကို ဦးဆောင်နိုင်ရန် အီတလီစကားသင်ယူမည်ဟု စမောလင်းပြော

ရိုးမားအသင်းကို ဦးဆောင်ချင်ပြီး အီတလီစကားလည်းသင်ယူဖို့ စီစဉ်နေတယ်လို့ နောက်ခံလူ စမောလင်းက ပြောပါတယ်။  အင်္ဂလန်နောက်ခံလူ စမောလင်းဟာ မနှစ်က ရိုးမားအသင်းမှာ တစ်ရာသီအငှား စာချုပ်နဲ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ အခုအပြောင်းအရွှေ့မှာတော့ ပေါင် ၁၈ သန်းနဲ့ ရိုးမားအသင်းက အပြီးသတ်ခေါ်ယူခဲ့တာပါ။  ရိုးမားအသင်းဆီပြန်လာခွင့်ရလို့ ပျော်ရွှင်မိပြီး အခုနှစ်ရာသီက ပြီးခဲ့တဲ့နှစ်က ထက်ပိုပြီး တောင့်တင်းတင်းမှုရှိကြောင်း၊ ပြီးခဲ့တဲ့ရာသီက အတွေ့အကြုံကောင်းတွေရခဲ့လို့ အသင်းကိုကျေးဇူးတင်ကြောင်း စမောလင်းကပြောပါတယ်။  အသင်းမှာ ဂျက်ကိုလည်း ကမ္ဘာ့အကောင်းဆုံး အသင်းခေါင်းဆောင်တစ်ဦးရှိနေပြီး ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ ဂျက်ကိုလိုပဲ ဦးဆောင်သူတစ်ဦးဖြစ်ချင်တယ်လို့ စမောလင်းကပြောပါတယ်။  အဲဒီလို ဦးဆောင်နိုင်ဖို့အတွက် အီတလီ ဘာသာစကားကိုလည်း သင်ယူဖို့ စီစဉ်ထားတယ်လို့ စမောလင်းက ပြောပါတယ်။  အသက် ၃၀ ရှိ စမောလင်းဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၉ ခုနှစ်အထိ မန်ယူအတွက်စုစုပေါင်း ၃၂၃ပွဲကစားခဲ့ပြီး ၁၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။ 
2 years Ago
More News
Up