စမတ်ဖုန်းသစ်

February 25, 2020

ဟွာဝေး Mate XS စမတ်ဖုန်းသစ် ဈေးကွက်တင် 

ဟွာဝေးနည်းပညာ ကော်ပိုရေးရှင်းက ခေါက်သိမ်းလို့ရတဲ့ စမတ်ဖုန်းကို ပိုမို အဆင့်မြှင့်တင်အပြီး ဖေဖော်ဝါရီ ၂၄ရက်မှာ ဈေးကွက်တင်လိုက်ပါတယ်။  ပိုအဆင့်မြင့်တဲ့ အသွင်အပြင်နဲ့ ပိုမြန်တဲ့ ဟာ့ဒ်ဝဲလ်တွေကို သုံးထားလို့ premium version နဲ့ Mate XS စမတ်ဖုန်းကို ဝယ်ယူသူတွေဟာ အမေရိကန်ဒေါ်လာ ၂၇၀၀ ပေးပြီး ဒီဖုန်းကို ဝယ်ချင်မယ်လို့ ဟွာဝေးက မျှော်လင့်ထားပါတယ်။ တရုတ်နည်းပညာလုပ်ငန်း ဟွာဝေးဟာ မျက်နှာပြင် နှစ်ဖက်ရှိပြီး ၈ လက်မအကျယ် မျက်နှာပြင်ရှိတဲ့ ခေါက်လို့ရတဲ့ စမတ်ဖုန်းကို မနှစ်က မိတ်ဆက်ခဲ့ပါတယ်။  ဒီဇိုင်းကို ပိုကောင်းအောင် အဆင့်မြှင့်အပြီးမှာ နိုဝင်ဘာလက တရုတ်နိုင်ငံအတွင်း စတင်ရောင်းချအပြီး အခု Mate XS စမတ်ဖုန်းအသစ်ကို ဈေးကွက်တင်လိုက်တာပါ။  Mate XS စမတ်ဖုန်းအသစ်ဟာ အရင်ဖုန်းနဲ့ မျက်နှာပြင်အကျယ် အတူတူ ဆိုပေမယ့် ပို အားကောင်းတဲ့ မျက်နှာပြင်နဲ့ ပိုကြာရှည်ခံမယ့် အဆင့်မြင့်ပတ္တာတွေ စက်ယန္တရားတွေကို တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ ဒီဖုန်းဟာ ဂူဂဲရဲ့ အန်းဒရိုက်လုပ်ငန်း လည်ပတ်ပုံစနစ်အတွက် လိုင်စင်နဲ့ သုံးလို့ ရမှာ မဟုတ်ပါဘူး။ အမေရိကန်က မနှစ်ကစပြီး ဟွာဝေးကို နည်းပညာ မထောက်ပံ့ဖို့ အမေရိကန်ကုမ္ပဏီတွေကို ထိထိရောက်ရောက် တားမြစ်ပိတ်ပင်ထားပါတယ်။
1 year Ago
Up