စမတ်ဖုန်း

June 8, 2019

စမတ်ဖုန်းမသုံးဘဲ ခေါက်ဖုန်းဖြင့် တပတ်တိတိနေနိုင်သူကို ဒေါ်လာ ၁ဝဝဝ ဆုချမည်ဟု စိန်ခေါ်

ရှေးခေတ်သုံး ခေါက်ဖုန်းအဟောင်းလေးနဲ့ တပတ်ကြာနေထိုင်နိုင်မယ့်သူကို ဒေါ်လာ ၁၀၀၀ ပေးမယ်ဆိုပြီး ယူတက်အခြေစိုက်ကုမ္ပဏီတခုက စိန်ခေါ်လိုက်တယ်လို့ ဇွန် ၇ ရက်နေ့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။ ဒီအစီအစဉ်ကို ယူတက်ပြည်နယ်အခြေစိုက် Frontier Bundles ကုမ္ပဏီက ပြုလုပ်လိုက်တာဖြစ်ပြီး “စမတ်ဖုန်းခတ်မှာ စမတ်ဖုန်းတွေကို လုံးဝအသုံးမပြုဘဲ သာမာန် ခေါက်ဖုန်းလေးတလုံးနဲ့ တပတ်တိတိ နေထိုင်ဖို့ သတ္တိရှိသူကို ဖိတ်ခေါ်ပါတယ်” လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။ ဒီစိန်ခေါ်မှုမှာ ပါဝင်ဖို့ ရွေးချယ်ခံရသူဟာ စိန်ခေါ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုရင် ဒေါ်လာ ၁၀၀၀ ရရှိမယ်လို့လည်း သိရပါတယ်။ ဒီစိန်ခေါ်မှုဟာ လူမူကွန်ရက်ကို မသုံးမနေနိုင်အောင် ဆွဲလမ်းနေသူများ၊ လူမူကွန်ရက် ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေအတွက် ရည်ရွယ်တာဖြစ်ပြီးတော့ စိန်ခေါ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့သူဟာ ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့ သူတို့ရဲ့အတွေ့အကြုံကိုလည်း ပြန်လည်ရှင်းပြရမှာ ဖြစ်ပါတယ်။
3 years Ago

May 23, 2019

ဟွာဝေးက Honor 20 စီးရီးသစ် စမတ်ဖုန်းများ လန်ဒန်တွင် စတင်ဖြန့်ချိ

ဟွာဝေး တယ်လီကွန်လုပ်ငန်းက Honor 20 စီးရီးသစ် စမတ်ဖုန်းတွေကို ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်မှာ မေလ ၂၁ ရက်နေ့က စတင် ဖြန့်ချိလိုက်ပါတယ်။ ထုတ်ကုန်သစ် မိတ်ဆက်တင်ပြတဲ့ အခမ်းအနားမှာ ဟွာဝေးက ဂူဂဲလ်နဲ့ အကွဲအပြဲကို မရည်ညွှန်းခဲ့ပါဘူး။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဟွာဝေးဟာ ဂူဂဲလ်ရဲ့ အန်းဒရိုက်စနစ်ကို သုံးပြီး သူ့ထုတ်ကုန်တွေကို တည်ဆောက် ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် အမေရိကန် စီးပွားရေးဝန်ကြီးဌာနက ဟွာဝေးကို အမေရိကန်အခြေစိုက် ဂူဂဲလ်ထုတ်ကုန်တွေ ဝယ်ခွင့် အရင်အပတ်က ပိတ်ခဲ့တာပါ။ ဒါကြောင့် ဟွာဝေး စမတ်ဖုန်းတွေရဲ့ ဆော့ဝဲလ်အပ်ဒိတ်တွေ ဘယ်လိုဆက် အလုပ်လုပ်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ မေလ ၂၁ ရက်ကတော့ အမေရိကန်အစိုးရက ဟွာဝေးအပေါ် ကန့်သတ်ချက်တွေကို ယာယီ ဖြေလျှော့ပေးခဲ့ပြီး သြဂုတ် ၁၉ ရက်နေ့ထိ အမေရိကန် ကုန်စည်တွေကို ဝယ်ဖို့ လိုင်စင်ထုတ်ပေးခဲ့ပါတယ်။ ဒါကြောင့် ဂူဂဲလ် အပလီကေးရှင်းတွေဖြစ်တဲ့ ဂျီမေးလ်နဲ့ ယူကျုတို့အတွက် အပ်ဒိတ်တွေ အဲဒီအချိန်ထိ ဆက်အလုပ်လုပ်သွားနိုင်ပါတယ်။ ဟွာဝေးဖောက်သည် လူငယ်တွေကို ဦးတည်ထုတ်လုပ်တဲ့ အော်နာ (Honor) လုပ်ငန်းရဲ့ ဥက္ကဋ္ဌ ဂျော့ခ်ျကျိုးက ဒီပွဲစဉ်ထဲမှာ မိတ်ဆွေအများကြီးကိုမြင်ရတာ တကယ်ဝမ်းသာတယ်လို့ ရာနဲ့ချီတဲ့ သတင်းထောက်တွေ၊ ဘလော့ဂါတွေ၊ အကဲခတ်တွေကို ပြောပါတယ်။ Honor 20 Pro, Honor 20 နဲ့ Honor 20 Lite စမတ်ဖုန်း ၃ မျိုးကို ထုတ်ပြခဲ့ပြီး ဖုန်းတလုံးကို လက်လီဈေး ယူရိုငွေ ၂၉၉ ကနေ ၅၉၉ ထိ အသီးသီး ရောင်းချမှာ ဖြစ်ပါတယ်။
3 years Ago
More News
Up