စမစ်ရိုး

January 21, 2021

စမစ်ရိုးကို  နှစ်ရှည်စာချုပ်ရန် အာဆင်နယ် ကမ်းလှမ်းမည်

အာဆင်နယ်အသင်းဟာ ခြေစွမ်းပြနေတဲ့ လူငယ်ကွင်းလယ်ကစားသမား စမစ်ရိုးကို လုပ်ခတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။  အသက် ၂၀ ရှိ အင်္ဂလန်ကစားသမား စမစ်ရိုးဟာ  အသင်းရဲ့ ၆ ပွဲဆက်တိုက်ရှုံးပွဲ မရှိ ရလဒ်မှာ အဓိကနေရာကနေ ခြေစွမ်းပြခဲ့ တာပါ။  အသင်းနဲ့ ၂ နှစ် သက်တမ်းကျန်ရှိနေသေးပေမဲ့ သူ့ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကို ဂုဏ်ပြုတဲ့ အနေနဲ့ လက်ရှိလုပ်ခ ပေါင် ၁၅,၀၀၀ ကနေ ပေါင် ၄၀,၀၀၀ အထိ တိုးမြှင့်ပေးချေမယ်လို့ သိရပါတယ်။ နောက်ထပ် လူငယ်တိုက်စစ်ကစားသမားဖြစ်သူ ဘူကာရိုဆာကာကိုလည်း အာဆင်နယ် အသင်းက  နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်ပတ်လုပ်ခပေါင် ၄၀,၀၀၀  ရရှိနေပါတယ်။  စမစ်ရိုးဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ကစားထားပြီး ၂ ဂိုး သွင်းကာ ၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။
9 months Ago

January 19, 2021

ခြေစွမ်းပြကစားနိုင်ရန် လာကာဇက်ထံမှ အကူအညီအများဆုံးရခဲ့ကြောင်း စမစ်ရိုး ပြော

ခြေစွမ်းပြ ကစားနိုင်ဖို့ အသင်းဖော် တိုက်စစ်မှူး လာကာဇက်ဆီက အကူအညီ အများဆုံးရခဲ့တယ်လို့ အာဆင်နယ်ကွင်းလယ်လူ စမစ်ရိုးက ပြောပါတယ်။  အင်္ဂလန်လူငယ်ကွင်းလယ်လူ စမစ်ရိုးဟာ အသက် ၂၀ နှစ်သာရှိသေးပေမယ့် အာဆင်နယ်အသင်းရဲ့ ၆ ပွဲဆက် တိုက်ရှုံးပွဲမရှိ ရလဒ်တွေမှာ အဓိက နေရာကနေ ခြေစွမ်းပြခဲ့ပါတယ်။  မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာလည်း ဆာကာ ရဲ့ ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့ပြီး ဒီနှစ်ရာသီမှာ ကြိမ်မြောက်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။  စီနီယာ အသင်းကြီးမှာ အံဝင်ခွင်ကျဖြစ်စေဖို့နဲ့ ခြေစွမ်းပြသနိုင်ဖို့အတွက် အသင်းဖော်တွေအားလုံးက အားပေးကူညီကြပြီး တိုက်စစ်မှူးလာကာဇက်ကတော့ အများဆုံးဖြစ်တယ်လို့ စမစ်ရိုးကပြောပါတယ်။  အသင်းနည်းပြကလည်း လွတ်လွတ်လပ်လပ် ကစားဖို့ပြောခဲ့ပြီး ဟတ်ဒါဖီးလ်တောင်းနဲ့ လိုက်ဇစ်အသင်းတွေမှာ အငှားထွက်ကစားခဲ့ရတာကလည်း ခြေစွမ်းတိုးတက်လာစေခဲ့တယ်လို့ စမစ်ရိုးက ဆိုပါတယ်။
9 months Ago
Up