စပွန်ဆာပေး

December 18, 2019

AIA အာမခံကုမ္ပဏီက မြန်မာနေရှင်နယ်လိဂ်ကို စပွန်ဆာပေး

ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းအတွက် စပွန်ဆာ ပေးထားတဲ့ AIA အသက်အာမခံကုမ္ပဏီဟာ မြန်မာနေရှင်နယ်လိဂ်ကို စပွန်ဆာပေးဖို့ စာချုပ်ချုပ်ဆိုလိုက်ပါတယ်။  ပြည်တွင်းက AYA Financial Group နဲ့ ပူးပေါင်းပြီး စပွန်ဆာပေးခဲ့တာဖြစ်ပြီး စပွန်ဆာကြေးပမာဏ ထုတ်ဖော်ပြောလို့ မရပေမယ့် လာမယ့်ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ်အသင်းတွေအတွက် ထောက်ပံ့ငွေတွေ ပိုမိုရရှိလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာဘောလုံးသမားတွေအတွက် အရေးပါဆုံး အချက်တချက်ဖြစ်တဲ့ အာမခံတွေ ပိုရလာနိုင်မယ်လို့   မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးက ပြောပါတယ်။ AIA အနေနဲ့ကတော့ မြန်မာတို့ရဲ့ သည်းခြေကြိုက် ဘောလုံးအားကစားနည်းကို ပံ့ပိုးရလို့ ဂုဏ်ယူမိကြောင်းနဲ့ အနာဂတ်မှာလည်း မြန်မာဘောလုံးပရိသတ်တွေအတွက် အံ့အားသင့်ဖွယ်တွေ သယ်ဆောင်လာဦးမှာ ဖြစ်ကြောင်း AIA မြန်မာ စီအီးအို မစ္စတာလုစ်က ပြောပါတယ်။  လန်ဒန်အခြေစိုက် တော့တင်ဟမ်ဟော့စပါးလို ကလပ်အသင်းမျိုးကို စပွန်ဆာပေးထားတာကြောင့် လာမယ့်အနာဂတ်မှာလည်း မြန်မာဘောလုံးလောကအတွက် အကျိုးရှိမယ့် အတွေ့အကြုံတွေနဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်တဲ့ စာချုပ်လည်း ဖြစ်ပါတယ်။
2 years Ago
Up