စပွန်ဆာအင်္ကျီ

August 5, 2018

မန်စီးတီးအသင်း ပူးမားကုမ္ပဏီနှင့် ပေါင်းသန်း ၅၀ စပွန်ဆာအင်္ကျီစာချုပ် ချုပ်ဆိုမည်

မန်ချက်စတာစီးတီးအသင်းနဲ့ ပူးမားကုမ္ပဏီတို့ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစတင်ပြီး ၁ နှစ် ပေါင်သန်း ၅၀ တန်ကြေးရှိ စပွန်ဆာအင်္ကျီစာချုပ်ကို ချုပ်ဆိုဖို့ရှိနေပါတယ်။ ဒီစာချုပ်ဟာ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ တတိယမြောက် တန်ဖိုးအများဆုံး စပွန်ဆာစာချုပ်ဖြစ်လာဖို့လည်း ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ အင်္ကျီစာချုပ်တန်ဖိုး အကြီးဆုံးအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အက်ဒီးဒက်စ်တို့ရဲ့ ပေါင်သန်း ၇၅ သန်းတန်စာချုပ်၊ နိုက်ကီကုမ္ပဏီနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ပေါင်သန်း ၆၀ တန်စာချုပ်တို့ပဲဖြစ်ပါတယ်။ ကမ္ဘာမှာ အင်္ကျီစာချုပ်တန်ဖိုးအကြီးဆုံးအဖြစ် ဘာစီလိုနာ အသင်းနဲ့ နိုက်ကီတို့ရဲ့ ပေါင် သန်း ၁၀၀ တန်စာချုပ်လည်း ဖြစ်ပါတယ်။
3 years Ago
Up