စပို့တင်းလစ္စဘွန်း

October 26, 2018

စပို့တင်းလစ္စဘွန်းကို အနိုင်ယူပြီး အာဆင်နယ်အသင်း ၁၁ ပွဲဆက် နိုင်ပွဲရ (ရုပ်သံ)

မနေညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၁၁ ပွဲဆက် နိုင်ပွဲရခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် တလုံးတည်းသောဂိုးကို တိုက်စစ်မှူး ဝဲလ်ဘတ်က ပွဲကစားချိန် ၇၇ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ပေါ်တူဂီမြေမှာ ကစားခဲ့ရတဲ့ အာဆင်နယ်ဟာ အနိုင်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး အိမ်ရှင်အသင်းရဲ့ ဖိအားပေးမှုတချို့ကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် ၁၀ ပွဲဆက်အနိုင်ရရှိထားမှုနဲ့အတူ စိတ်ဓာတ်တက်ကြွနေတဲ့ အာဆင်နယ်အသင်းသားတွေဟာ ၁၁ ပွဲဆက် နိုင်ပွဲကို နည်းပြ အူနိုင်းအမ်မရီအတွက် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဂိုးပေါက်တည့်မှု ၇ ကြိမ်နဲ့အတူ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းထိရှိခဲ့တဲ့ အာဆင်နယ်အသင်းဟာ လိုအပ်ချက်တွေရှိခဲ့ပါတယ်။ နောက်တန်းကစားသမား ဆိုကရေးတစ်ရဲ့ ဖရက်ဒီမွန်တီရိုအပေါ် ကျူးလွန်ခဲ့တာဟာ အနီကတ်ပြခံရနိုင်တဲ့ အခြေအနေထိရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ရလဒ်ကောင်းတွေနဲ့ ယူရိုပါလိဂ်မှာ ၃ ပွဲကစား၊ ၃ ပွဲနိုင် ၉ မှတ်နဲ့ အုပ်စုအီးမှာ ထိပ်ဆုံးက ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။
3 years Ago

September 1, 2018

ယူရိုပါလိဂ်တွင် အာဆင်နယ်က စပို့တင်းလစ္စဘွန်းနှင့် တအုပ်စုတည်း ကျရောက်

ယူရိုပါလိဂ် အုပ်စုပွဲစဉ်တွေအတွက် မဲခွဲမှုတွေ ထွက်ပေါ်လာရာမှာ အာဆင်နယ်က ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းနဲ့ အုပ်စု (အီး) မှာ တအုပ်စုတည်း ကျရောက်ပါတယ်။ အဲဒီအုပ်စုမှာ အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်၊ ယူကရိန်းကလပ် ဗောစကာ ပေါတာဗာအသင်းတို့လည်း ပါဝင်ပါတယ်။ အုပ်စု (အေ) မှာတော့ လေဗာကူဆန်၊ လုဒိုဂိုရက်စ်၊ အက်ဖ်စီ ဇူးရစ်နဲ့ အေအီးကေ လာနာကာတို့ တအုပ်စုတည်း ကျရောက်ပါတယ်။ နာမည်ကြီး ရုရှားကလပ်ဖြစ်တဲ့ ဇီနစ် စိန့်ပီတာဘတ်စ်ကတော့ အုပ်စု (စီ)မှာ ကိုပင်ဟေဂင်၊ ဘော့ဒိုး၊ စလားဗီးယား ပရပ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးကတော့ အုပ်စု (L) မှာ ဂရိကလပ် ပီအေအိုကေ၊ ဘေလာရုပ်ကလပ် ဘာတီ ဘိုရီဆော့၊ ဟန်ဂေရီကလပ် ဗီဒီတို့နဲ့ ဆုံရမှာ ဖြစ်ပါတယ်။
3 years Ago
Up