ဇန်န၀ါရီ ၁၇ ရက်က ကစားတဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က စပို့တင်းဂီဂျွန်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ပထမပိုင်း ၁၈ မိနစ်မှာပဲ ရီးရဲလ်က ၄ ဂိုးအထိ သွင်းယူထားတာပါ။
အဖွင့်ဂိုးကို ၇ မိနစ်မှာ ဂါရတ် ဘေးလ်၊ ၉ မိနစ်မှာ ရော်နယ်ဒိုက သွင်းယူပါတယ်။
စပို့တင်းဂီဂျွန်အသင်းဟာ ဒီနှစ်ရာသီထဲမှာ ရုန်းကန်နေရပြီး တန်းဆင်းဇုန်ထဲမှာ ရှိနေပါတယ်။
ရီးရဲလ်အတွက် တတိယဂိုးကို ၁၂ မိနစ်မှာ တိုက်စစ်မှူး ဘန်ဇီမာ၊ ၁၈ မိနစ်မှာ ရော်နယ်ဒိုက သွင်းယူပါတယ်။
အိမ်ကွင်းမှာကစားတဲ့ ဒီပွဲမှာ ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှု တဘက်သတ် အသာစီးယူနိုင်ခဲ့သလို အသင်းလိုက်လည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
နည်းပြသစ် ဇီဒန်းလက်ထက် ပထမပွဲစဉ်တုန်းကလည်း ရီးရဲလ်က ဂိုးပြတ်နဲ့ အနိုင်ရထားပါတယ်။
၄၁ မိနစ်မှာ ၅ ဂိုးမြောက်ဂိုးကို ဘန်ဇီမာက ထပ်မံသွင်းယူပါတယ်။
စပို့တင်းဂီဂျွန်အတွက် တလုံးတည်းသော ချေပဂိုးကို ၆၂ မိနစ်မှာ ဘလန်ကိုက သွင်းယူပါတယ်။
နိုင်ပွဲဆက်တဲ့ ရီးရဲလ်ဟာ ၄၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဇယားထိပ်က အက်သလက်တီကိုမက်ဒရစ်ရဲ့ နောက် ၄ မှတ်အကွာမှာ ရပ်တည်နေပါတယ်။
7 years Ago