စပို့တင်းလစ္စဘွန်း

October 20, 2020

စပို့တင်းလစ္စဘွန်း ကွင်းလယ်ကြယ်ပွင့်ကို ပေါင် ၁၄ သန်းဖြင့် ခေါ်ယူရန် မန်ယူ ကြိုးပမ်း

မန်ယူအသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းက ပေါ်တူဂီ ဆယ်ကျော်သက် ကစားသမား တစ်ဦးကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ကွင်းလယ်ကစားသမား လူးဝစ်ဂိုမက်စ်ဟာ ပေါ်တူဂီ ဂန္ထဝင်ကစားသမား လူးဝစ်ဖီဂိုနဲ့ နှိုင်းယှဉ်ချီးကျူးခံနေရတာပါ။ ပြီးခဲ့တဲ့တစ်ပတ်ကမှ စပို့တင်းလစ္စဘွန်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့တဲ့ လူးဝစ်ဂိုမက်စ်ကို မန်ယူအသင်းက ပေါင် ၁၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရတော့မယ်လို့ သိရပါတယ်။  မန်ယူအသင်းဟာ စီရော်နယ်ဒို၊ နာနီနဲ့ လက်ရှိ အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့ကိုလည်း စပို့တင်းလစ္စဘွန်းကနေ ခေါ်ယူခဲ့ဖူးပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလကလည်း အလားအလာရှိတဲ့ လူငယ်ကစားသမား ၃ ဦးကို ခေါ်ယူနိုင်ခဲ့ပါတယ်။
1 year Ago

June 3, 2020

ပြိုင်ဘက်များက မိမိ၏ခြေစွမ်းသိလာသဖြင့် ကစားရပိုခက်ခဲနိုင်ဟု ဖာနန်ဒက်စ်ပြော

ပြိုင်ဘက်ကစားသမားတွေက အကြောင်းသိလာလို့ အခက်ခဲဆုံးအချိန်တွေ ရောက်လာနိုင်တယ်လို့ မန်ယူ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အသင်းဆီ ရောက်ရောက်ချင်းမှာပဲ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။  ၉ ပွဲကစားအပြီးမှာ ၃ ဂိုးသွင်း ၄ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ပြိုင်ဘက် ကစားသမားတွေဟာလည်း သိရှိလာပြီဖြစ်လို့  လာမယ့်ပွဲစဉ်တွေမှာ ခက်ခဲလာလိမ့်မယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။ ၉ ပွဲပဲ ကစားရသေးတာကြောင့် လုံလောက်မှုမရှိသေးဘဲ မိမိရဲ့ကစားပုံနဲ့ ပတ်သက်ပြီး ဘယ်လို နေရာယူတယ်၊ ဘယ်လို ဘောလုံးပေးတယ်၊ ဘယ်လို ကန်သွင်းတယ် ဆိုတာကို ပြိုင်ဘက်ကစားသမားတွေက သိရှိနေပြီလို့ ဖာနန်ဒက်စ်က ပြောပါတယ်။ ဒါကြောင့် လာမယ့်ပွဲတွေက အခက်ခဲဆုံး အချိန်ကာလ ဖြစ်လာနိုင်ပြီး ပိုမိုကြိုးစားဖို့နဲ့ ပြိုင်ဘက်အကြောင်းတွေကို ပိုမိုသိရှိဖို့ လိုအပ်တယ်လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
2 years Ago
Up