စပိန်

August 1, 2015

နစ်မြုပ်စစ်သင်္ဘော ပေါ်မှ ဒေါ်လာ ၁ သန်းကျော် အဖိုးတန်ပစ္စည်းများ တွေ့ရှိ (ရုပ်သံ)

နစ်မြုပ် စပိန်စစ်သင်္ဘောပေါ်ကနေ ဖလော်ရီဒါ မိသားတစုက တန်ကြေး ဒေါ်လာ ၁ သန်းနီးပါးရှိတဲ့ အဖိုးတန်ပစ္စည်းတွေကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိတဲ့ အဖိုးတန်ပစ္စည်းတွေထဲမှာ ရွှေဒင်္ဂါးအမျိုးမျိုး ၅၁ စေ့၊ ပေ ၄၀ ရှည်တဲ့ ရွှေချိုင်းကြိုးတွေ တွေ့ရှိခဲ့တာလို့ ဒီပစ္စည်းတွေကို ရှာဖွေဖို့ မူပိုင်ခွင့်ရထားတဲ့ ကွင်းလက်ဝတ်ရတနာ ကုမ္ပဏီက ပြောပါတယ်။ ရှမစ်မိသားစုဝင်တွေဖြစ်တဲ့ ရစ်နဲ့ လီဆာတို့ဟာ သား ၂ ယောက်၊ ချွေးမတွေနဲ့ ရှာဖွေခဲ့တာဖြစ်ပြီး ရစ်နဲ့ လီဆာရဲ့သားတို့က ဇွန်လက ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာဘားနားကနေ စပိန်ကို ထွက်ခွာလာပြီး ဖလော်ရီဒါကမ်းခြေမှာ ဟာရီကိန်းကြောင့် သင်္ဘောနစ်မြုပ်တဲ့ နှစ် ၃၀၀ ပြည့် အထိမ်းအမှတ်နေ့မှာ ကြေညာဖို့ သတ်မှတ်ထားတယ်လို့ ကွင်းလက်ဝတ်ရတနာ ကုမ္ပဏီ တည်ထောင်သူ ဘရန်ဘရစ္စဘန်းက ပြောပါတယ်။ ရေအနက် ၁၅ ပေလောက်မှာ ဒီအဖိုးတန် ပစ္စည်းတွေကို တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်သင်္ဘောဟာ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိတဲ့ ပစ္စည်းတွေကို တင်ဆောင်လာတာ ဖြစ်ပြီး ၁၇၅ သန်းလောက်ကိုတော့ ပြန်တွေ့ခဲ့ပြီး ဖြစ်ပါတယ်။ ရှာဖွေတွေ့ရှိပြီး ပြတိုက်မှာ ပြထားတဲ့ ပစ္စည်းတန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို ဖလော်ရီဒါက ရရှိမှာ ဖြစ်ပြီး ကျန်ရှိတဲ့ အကျိုးအမြတ်ကို ရှမစ်မိသားစုနဲ့ ကုမ္ပဏီက ခွဲယူရမှာ ဖြစ်ပါတယ်။
6 years Ago
Up