အမေရိကန်နိုင်ငံမှ စွန့်စားစပိဘုတ်စီးနင်းသူ ၂ ဦးဟာ ချွန်ထက်တဲ့ ကျောက်ဆောင်တွေကြားမှ ရေစီးသန်တဲ့ မြစ်တစင်းထဲမှာ စီးနင်းခဲ့ကြချိန် ကျောက်ဆောင်စွန်းနဲ့ တိုက်မိခဲ့ပြီး ထိတ်လန့်ဖွယ် တိမ်းမှောက်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ၊ အိုင်ဒါဟိုးပြည်နယ်၊ ဆယ်လ်မန်မြစ်ထဲမှာ ဖြစ်ခဲ့တာပါ။
မြစ်ကြောင်းကလည်း ရေစီးသန်ချိန် အရှိန်နဲ့ စပိဘုတ် မောင်းနှင်လာတာကို ကြည့်ရတာဟာ အသည်းယားစရာ ကောင်းလှပါတယ်။
အချိန်အတန်ကြာမှာတော့ အဲဒီစပိဘုတ်ဟာ အရှိန်မထိန်းနိုင်တော့ဘဲ ဘေးက ချွန်ထွက်နေတဲ့ ကျောက်ဆောင်နဲ့ တိုက်မိခဲ့ပြီး စီးနင်းလာသူ ၂ ဦးနဲ့အတူ တပတ်လည် တိမ်းမှောက်သွားခဲ့တာကို တွေ့ရပါတယ်။
စပိဘုတ်စီးနင်းသူတွေရဲ့ မိသားစုတော်စပ်သူတဦးဖြစ်တဲ့ ဂျန်နီစတောက်တ်က “တကယ့်ကို အားလုံးထိတ်လန့်ခဲ့ရတယ်။ ဒါပေမယ့် သူတို့ ဘာထိခိုက်ဒဏ်ရာမှ မရဖို့ဘဲ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
4 years Ago