စပိန်လာလီဂါပြိုင်ပွဲ

May 7, 2020

ဘာစီလိုနာနှင့် ရီးရဲလ် ကစားသမားများ ဗိုင်းရပ်စ်စစ်ဆေးမှုခံယူ

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေက နာမည်ကြီးကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံခဲ့ပါတယ်။  စပိန်လာလီဂါပြိုင်ပွဲ မစတင်ခင်မှာ ကစားသမားတွေအားလုံးကို  ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ကြပြီး ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေလည်း ပါဝင်ခဲ့တာပါ။  ဘာစီလိုနာ ကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဆွာရက်ဇ်၊ ဂရစ်မန်း ဖရန့်ကီဒီဂျောင် အစရှိတဲ့ ကစားသမားတွေဟာ မေ ၆ ရက်နေ့က အသင်းရဲ့လေ့ကျင့်ရေးကွင်းမှာ လာရောက်ဆေးစစ်မှုခံယူခဲ့ ပါတယ်။  အဲဒီလိုပဲ ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်တဲ့  ကော့တွိုက်၊ အေဒင်ဟာဇက်၊ ရာမို့စ်နဲ့ နည်းပြ ဇီဒန်းတို့ဟာလည်း ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခဲ့ကြပါတယ်။  စပိန်အစိုးရဟာ ကစားသမားတွေ အတွက် ၂၄ မျက်နှာပါဝင်တဲ့ စည်းကမ်းချက်တွေ သတ်မှတ်ထုတ်ပြန်ထားပါတယ်။  အဲဒီထဲမှာ အသင်းတွေအနေနဲ့ ကစားသမားတွေကို ၈ အုပ်စုခွဲပြီး လေ့ကျင့်ကြဖို့၊ ကိုရိုနာဗိုင်းရပ်စစ်ဆေးဖို့နဲ့ မိသားစုတွေဆီပြန်မသွားဖို့ ကန့်သတ်မှုတွေလည်း ပါဝင်တယ်လို့သိရပါတယ်။  လာလီဂါပြိုင်ပွဲကို ဇွန်လဆန်းမှာ စတင်ဖို့ စီစဉ်ထားပါတယ်။ 
1 year Ago
Up