စပိန်လက်ရွေးစင်

September 20, 2020

စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ပေါင်သန်း ၃၀ ဖြင့် စပါးအသင်း ခေါ်ယူ

စပါးအသင်းဟာ စပိန်လက်ရွေးစင် ရယ်ဂီလွန်အတွက် ရီးရဲလ်မက်ဒရစ်ကို ပေါင်သန်း ၃၀ ပေးချေခဲ့ရပြီး ၅ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၃ နှစ်ရှိ စပိန်လက်ရွေးစင် ရယ်ဂီလွန်ဟာ ပြီးခဲ့တဲ့ရာသီက ဆီဗီလာအသင်းမှာ အငှားထွက်ကစားခဲ့ပြီး ယူရိုပါလိဂ် ဆုဖလား ရယူပေးနိုင်ခဲ့သူပါ။ ရယ်ဂီလွန်ဟာ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ ဂါရတ်ဘေးလ်နဲ့အတူ စပါးအသင်းကို အတူရောက်ရှိလာခဲ့တာဖြစ်ပြီး ကျောနံပါတ် ၃ ဝတ်ဆင်ကစားမှာ ဖြစ်ပါတယ်။  စိန်ခေါ်မှုသစ်အတွက် စိတ်လှုပ်ရှားမိတယ်လို့လည်း ရယ်ဂီလွန်က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။  ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို မန်ယူနိုက်တက်အသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် စပါးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။  စပါးအသင်းဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဂါရတ်ဘေးလ်၊ ဟော့ချ်ဘယက်၊ ဒိုဟာတီနဲ့ ဂျိုးဟတ်တို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။ 
8 months Ago
Up