စပိန်ရဲ

June 26, 2020

သံတိုသံစကုန်ကားထဲ ခိုးလိုက်လာသည့် ရွှေ့ပြောင်း ၆ ဦးကို စပိန်ရဲ ဖမ်းမိ

မြောက်အာဖရိကကမ်းလွန်ရှိ စပိန်ပိုင် မယ်လီယာဆိပ်ကမ်းမှာ သံတိုသံစကုန်ကားထဲ ခိုးလိုက်လာတဲ့ ရွှေ့ပြောင်းလာသူ  ၆ ယောက်ကို  စပိန်ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး  အဲဒီ ဗွီဒီယိုကို ဇွန်လ ၂၅  ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  ဖမ်းမိသူတွေထဲမှာ ၂ ယောက်က အသက်မပြည့်သူတွေဖြစ်ပြီး  မယ်လီယာဆိပ်ကမ်းကနေ စပိန်ပြည်မကြိးထဲ ခိုးဝင်ဖို့ ကြိုးပမ်းတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ မယ်လီယာဆိပ်ကမ်းမှာ ရဲတပ်ဖွဲ့ ပုံမှန်ကင်းလှည့်စဉ်အတွင်း နှလုံးခုန်သံ ထောက်လှမ်းတဲ့ ကိရိယာကနေ ခိုးဝင်လာသူတွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။  နှစ်စဉ် ရွှေ့ပြောင်းလာသူ  ထောင်နဲ့ချီပြီး   စပိန်နိုင်ငံကို ကုန်းကြောင်း၊ ရေကြောင်းတို့ကနေ  တရားမဝင်  ဝင်ရောက်ဖို့ ကြိုးစားကြပါတယ်။   ၂၀၂၀  ဇွန်လ ၁၅  ရက်အထိ စပိန်နိုင်ငံထဲ ခိုးဝင်ခဲ့တဲ့ ရွှေ့ပြောင်းလာသူ  ၇,၇၄၄ ‌ယောက် ရှိတယ်လို့  စပိန်ပြည်ထဲရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ 
11 months Ago

May 9, 2020

အိုင်အက်စ်အဖွဲ့နှင့်ဆက်နွှယ်သည့် သံသယဖြင့် မော်ရိုကိုနိုင်ငံသားတယောက်ကို စပိန်ရဲ ဖမ်းဆီး

အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်တယ်ဆိုတဲ့ သံသယနဲ့ မော်ရိုကိုနိုင်ငံသားတယောက်ကို စပိန် ရဲတပ်ဖွဲ့က မေလ ၈ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။  အဲဒီမော်ရိုကိုနိုင်ငံသားကို ဘာစီလိုနာမြို့မှာ ဖမ်းဆီးခဲ့ပြီး သူဟာ စစ်သွေးကြွတိုက်ခိုက်မှု လုပ်ဖို့ စီစဉ်နေတယ်လို့ ရဲတပ်ဖွဲ့က  ယုံကြည်နေပါတယ်။   မော်ရိုကို၊ အမေရိကန်နိုင်ငံတွေက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပူးတွဲစုံစမ်းရေးလုပ်ပြီးနောက်မှာ  အဲဒီလူကို စပိန်ရဲတွေက ဖမ်းဆီးခဲ့တာပါ။  သူဟာ လွန်ခဲ့တဲ့ ၄ နှစ်က အိုင်အက်စ်အဖွဲ့နဲ့ အဆက်အသွယ်ရှိခဲ့ပေမယ့်  မကြာသေးခင်ကမှ   အစွန်းရောက် အယူအဆတွေကို ဖော်ပြခဲ့တယ်လို့  ရဲတပ်ဖွဲ့က ဆိုပါတယ်။   စပိန်အစိုးရက မတ် ၄ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းချခဲ့ပြီးနောက် ဂျီဟတ်လှုပ်ရှားမှုတွေအပေါ် သူ့ရဲ့စိတ်ဝင်စားမှု တိုးလာခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။  အဲဒီနောက်မှာတော့ သူဟာ အိုင်အက်စ်တွေအပေါ် လူသိထင်ရှား သစ္စာခံခဲ့ပြီး အနောက်နိုင်ငံတွေကို မုန်းတီးကြောင်း ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က  ပြောကြားခဲ့ပါတယ်။
1 year Ago
More News
Up