စပိန်နိုင်ငံသူ

June 12, 2021

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု စပိန်နိုင်ငံသူများ ဆန္ဒပြ

စပိန်နိုင်ငံမှာ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတွေ လတ်တလောကြုံတွေ့ခဲ့ရမှုတွေ ကြောင့် ဇွန် ၁၁ ရက်မှာ နိုင်ငံတဝန်းက  အမျိုးသားတွေရဲ့အကြမ်းဖက်မှုကို စပိန်အမျိုးသမီးတွေ ဆန္ဒပြခဲ့ကြပါတယ်။ 

ကနေရီကျွန်းတွေမှာ ပျောက်ဆုံးနေတဲ့ မိန်းကလေးတွေထဲက တစ်ယောက်ရဲ့ ရုပ်အလောင်းကို စပိန်ကယ်ဆယ်ရေးသမားတွေ တွေ့ရှိခဲ့ပြီးနောက်မှာ အမျိုးသမီးနဲ့မိန်းကလေး သမီးငယ်လေးတွေကို သတ်ဖြတ်မှုကို ကန့်ကွက်တဲ့အနေနဲ့ အမျိုးသမီးတွေဟာ အနက်ရောင်တွေ ဝတ်ဆင်ပြီး ဖယောင်းတိုင်တွေ ထွန်းညှိကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ 

အသက် ၆ နှစ်အရွယ် အိုလီဗီယာနဲ့ အသက် ၁ နှစ်အရွယ်တို့ရဲ့ ပျောက်ဆုံးမှုမှာ သူတို့ရဲ့ အဖေ  Tomas G. ဟာ အဓိက သံသယရှိသူဖြစ်ပြီး ဧပြီလကုန်ပိုင်းမှာ သဘောတူညီမှု ရှိထားတဲ့ အတိုင်း ကလေးမိခင်ဆီကို ကလေးတွေပြန်အပ်ဖို့ ပျက်ကွက်ခဲ့တဲ့အပြင်  သူကိုယ်တိုင်လည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ 

စပိန်နိုင်ငံမှာ ကျားမအကြမ်းဖက်မှု ဥပဒေ မပြဋ္ဌာန်းခင်  ၂၀၀၃ မှာ မှတ်ပုံတင်ပြီးကတည်းက အမျိုးသမီး ၁၁၀၀ နီးပါးဟာ အဖော်တွေ၊ အဖော်ဟောင်းတွေကြောင့် သတ်ဖြတ်ခံခဲ့ကြရပါတယ်။

စပိန်ရဲ့ လက်ဝဲဝါဒီအစိုးရဟာ အမျိုးသမီးအခွင့်အရေးကို သူ့ရဲ့နိုင်ငံရေးအစီအစဉ်မှာ ထိပ်ဆုံးမှာ ထားရှိလိုက်ပြီး မဟာဖိုဝါဒ သဘောထားကို တိုက်ဖျက်ဖို့ ကြိုးစားခဲ့ပါတယ်။ 

7 months Ago
Up