စပိန်ကျွန်း

A d v e r t i s e m e n t With Us

May 27, 2020

အာဖရိကမှ လှေဖြင့် ရွှေ့ပြောင်းဝင်လာသူ ၈၀ ခန့် စပိန်ကျွန်းတွင် quarantine ဝင်ရမည် 

အာဖရိက ကနေ ရွေ့ပြောင်းဝင်ရောက်လာသူ အယောက် ၈၀ လောက်ဟာ လှေငယ် နှစ်စီးနဲ့   စပိန်ပိုင် ဂရန်းကနေရီယာကျွန်းကို ရောက်ရှိခဲ့ပေမယ့် လော့ဒေါင်းချထားတာမို့ သူတို့ကို ကျွန်းမကြီးဆီ လွှဲပြောင်းဖို့ အခက်အခဲ ဖြစ်နေပါတယ်။  ရွှေ့ပြောင်းလာသူ အယောက် ၅၀ ခန့်လိုက်ပါလာတဲ့ ပထမလှေငယ်မှာ ၂၃ ယောက်က ကလေးငယ်တွေ ဖြစ်ပါတယ်။ ဒုတိယ လှေငယ်မှာတော့ အမျိုးသားအယောက် ၃၀ ၊ အမျိုးသမီး  ၁ ယောက်နဲ့ ကလေး  ၄ ယောက် လိုက်ပါလာပြီး  ဆေးဘက်ဝန်ထမ်းတွေက သူတို့ကို ကိုယ်အပူချိန် တိုင်းတာ၊ စောင်နဲ့ နှာခေါင်းစည်းတွေ ဝေငှပေးခဲ့ပါတယ်။  ရောက်လာကြတဲ့ ရွှေ့ပြောင်းလာသူ အဖွဲ့နှစ်ဖွဲ့စလုံးကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတာ ရှိ၊ မရှိ  စစ်ဆေးသွားမှာ ဖြစ်ပြီး သူတို့ဟာ သီတင်းနှစ်ပတ်ကြာ quarantine  ဝင်ရမယ်လို့  စပိန် ဗဟိုအစိုးရကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ မကြာသေးခင်က ရောက်လာတဲ့ ရွှေ့ပြောင်းလာသူ တစ်ဦးမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် တွေ့ခဲ့ပြီးနောက် သူ့ကို သီးခြားစောင့်ကြပ်ထားပါတယ်။  စပိန်ကျွန်းတွေကို တရားမဝင် လာရောက်သူတွေဟာ ရေကြောင်းက လာသူတွေ ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် ဒီနှစ်အဖို့ ရောက်လာသူတွေဟာ ၇ ဆ နီးပါး မြင့်တက်လာတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။
9 months Ago
Up