စပိန်

September 9, 2021

စပိန်တွင် လိင်စိတ်ကွဲပြားသူများအပေါ် ပိုမိုကာကွယ်ပေးရန် ဆန္ဒပြ

စပိန်နိုင်ငံရဲ့မြို့တော် မဒရစ်မှာ စက်တင်ဘာ ၈ ရက် ညနေက ရာချီတဲ့လူတွေ စုရုံးခဲ့ပြီး ကျားမ လိင်ပိုင်းဆိုင်ရာ ခံယူချက် ကွဲပြားသူတွေအပေါ် ပိုကောင်းကောင်းကာကွယ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

 လတ်တလော တိုက်ခိုက်မှု ဆက်တိုက်ဖြစ်နေလို့ လတွေအတွင်း စပိန်နိုင်ငံထဲမှာ တုန်လှုပ်ခဲ့တဲ့အတွက် သူတို့ရဲ့ သောကကို ဖော်ထုတ်ပြကြတာပါ။

 မြို့တော် မဒရစ်မှာ မျက်နှာဖုံးစွပ် ဂိုဏ်းတဂိုဏ်းက အသက် ၂၀ အရွယ် အမျိုးသား တယောက်ကို ဓားနဲ့ တိုက်ခိုက်ပြီး သူ့တင်ပါးမှာ ဂေးလို့ စွပ်စွဲထားတဲ့ စကားလုံးကို ဓားနဲ့ထွင်းတာ ခံခဲ့ရပါတယ်‌။  အဲဒီနောက် စက်တင်ဘာ ၈ ရက်နေ့မှာ ဆန္ဒပြဖို့ ဆော်သြခဲ့ကြတာပါ။

မဒရစ်မြို့လယ် ချွေကာရင်ပြင်နားက ဂေးတွေ ပေါများတဲ့ ရပ်ကွက်နားမှာ ရက်စက်တဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ ဆန္ဒပြသူတွေက ဆော်သြခဲ့ကြတာပါ။

 စပိန်အနောက်မြောက်ဘက် ဂါလီစီယာဒေသမှာ ဇူလိုင်လက သူနာပြုအကူ ဆင်မြူရယ် လူးဝစ်ဟာ သူ့ရဲ့ ကျားမဖြစ်တည်မှုဆိုင်ရာ တိမ်းညွတ်မှုကြောင့် အသေရိုက်သတ်ခံရအပြီး လိင်ခံယူချက် ကွဲပြားသူတွေအပေါ် ရန်လိုမှုဟာ စပိန်မှာ ထင်သာ မြင်သာ ဖြစ်လာခဲ့ပါတယ်။

အမုန်းတရားအခြေပြု ရာဇဝတ်မှုတွေ တိုးလာနေပြီး ပိုအကြမ်းဖက်လာနေတယ်လို့ ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာ ၈ ရက်နေ့ အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။

ဝန်ကြီးချုပ် ပေဒရို စန်ချဲ့ဇ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့မှာ အမုန်းတရား အခြေပြု ရာဇဝတ်မှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ အရေးပေါ် အစည်းအဝေးကို သဘာပတိအဖြစ် တက်ရောက် ကျင်းပဖို့ မျှော်လင့်ခံထားရပါတယ်။

2 weeks Ago

August 29, 2021

စပိန်ရှိ မားရ်မေနော့ ရေကန်ပျက်စီးမှု ထိန်းသိမ်းရန် မြို့ခံများ ဆန္ဒပြ

စပိန်နိုင်ငံက မားရ်မေနော့ ရေကန် ပျက်စီးလာနေတာကို ထိန်းသိမ်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး နိုင်ငံအရှေ့တောင်ပိုင်းက မာစီယာမြို့မှာ သြဂုတ်၂၈ ရက်က လူတန်းပုံစံ ဆန္ဒပြသူခဲ့ကြပါတယ်။

 ဥရောပရဲ့ အကြီးဆုံး ဆားငန်ရေအိုင်တွေထဲက တခုဖြစ်တဲ့ မားရ်မေနော့ ကမ်းခြေမှာ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်က ငါးသေ တန်ချိန် ၂၀ လောက် လာတင်ခဲ့တာပါ။

 ဥရောပရဲ့ အကြီးဆုံး ရေငန်အိုင်ကို သေဆုံးခွင့် ပေးတာဟာ ရာဇဝတ်မှုပဲ၊ ရေကန်ကြီးက သူ့ကိုယ်သူ မကာကွယ်နိုင်လို့ ကျနော်တို့က ရေကန်ကြီးကို ကာကွယ်ကုသဖို့  လူ သားကွင်းဆက်ကို ပုံဖော်ခဲ့တာလို့ ဆန္ဒပြသူတယောက်က ပြောပါတယ်။

ရေကန်ရဲ့ ကမ်းရိုးတန်း တလျှောက်က လူတန်းဟာ ကီလိုမီတာနဲ့ ချီပြီး ရှည်လျားခဲ့ တယ်လို့ ဆန္ဒပြပွဲကို စီစဉ်သူတွေက ပြောပါတယ်။

စပိန်အရှေ့တောင်ပိုင်းက မြေထဲပင်လယ်ကမ်းရိုးတန်းနားမှာရှိတဲ့ ဒီရေကန်ဟာ ရေနေသတ္တဝါတွေအတွက် ဘေးမဲ့ဇုန်နဲ့ ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်မှုရှိခဲ့တဲ့ နေရာပါ။

 လတ်တလော နှစ်တွေမှာ ငါးကောင်ရေ ဒလဟော ကျဆင်းခဲ့ပြီး ၂၀၁၆ နဲ့ ၂၀၁၉ ခုနှစ်တွေ မှာ ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ပါတယ်။

လတ်တလော အပူချိန်မြင့်တာကြောင့် ငါးသေတာလို့ ဒေသန္တရ အစိုးရက ပြောကြားခဲ့ပေမယ့် အနားက စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ မြို့ပြ ဖွံ့ဖြိုးမှုတွေက ထွက်လာတဲ့ အညစ်အကြေးတွေ ကန်ထဲ စီးဝင်လို့ ရေအရည်အသွေးက ဆိုးဆိုးရွားရွား အဆင့် ကျဆင်းခဲ့ တယ်လို့ ဂေဟစနစ် ပညာရှင်တွေက နှစ်ချီ သတိပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

3 weeks Ago
More News
Up