စပိန် အပျော်စီး သင်္ဘောတစီး

February 11, 2018

စပိန် အပျော်စီး သင်္ဘောတစီး မီးလောင်

စပိန်ပိုင် ကနေရီကျွန်းတွေထဲက ကော့စ်တာဒယ်ခဲ အပန်းဖြေစခန်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က အပျော်စီးသဘောင်္တစီး မီးလောင်ခဲ့တာကြောင့် လူ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ မီးလောင်တာကို ဖုန်းနဲ့မှတ်တမ်းတင်ခဲ့သူ ဗြိတိန်နိုင်ငံသူ တဦးက “ကျမ မနက်စာစားနေတုန်း ပေါက်ကွဲသံ အကျယ်ကြီး ကြားမိပါတယ်။ ကြည့်လိုက်တော့ သင်္ဘော နောက်ပိုင်းမှာ  မီးခိုး အနည်းငယ်ထွက်နေပါတယ်။ နောက်တော့ ရုတ်တရက် မီးခိုးမဲကြီးတွေ ကောင်းကင်ပေါ်တက်သွားတယ်။ လူ ၂ ယောက် လှေပေါ်က ခုန်ဆင်းတာ မြင်လိုက်ပါတယ်။ ခဏကြာတော့ လှေလေးတွေ ရောက်လာပြီး လာကယ်ကြပါတယ်” လို့ ပြောခဲ့ပါတယ်။ မီးလောင်မှုကြောင့် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁ ဦးကို ဆေးရုံပို့ဆောင်ခဲ့တယ်လို့ ဒေသမီဒီယာတွေက ဆိုပါတယ်။ စပိန်ပိုင် ကနေရီကျွန်းတွေဟာ အာဖရိက အနောက်မြောက်ပိုင်း ကမ်းရိုးတန်းအလွန်မှာ တည်ရှိတဲ့ ကျွန်းစုဖြစ်ပြီး လှပတဲ့ ကမ်းခြေတွေကြောင့် ထင်ရှားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up