စပိန် လာလီဂါကလပ် ဂရန်နာဒါက နည်းပြအဖြစ် တိုနီအဒမ်စ်ကို ခန့်အပ်

April 12, 2017

စပိန် လာလီဂါကလပ် ဂရန်နာဒါက နည်းပြအဖြစ် တိုနီအဒမ်စ်ကို ခန့်အပ်

စပိန်လာလီဂါကလပ် ဂရန်နာဒါအသင်းက အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း တိုနီ အဒမ်စ်ကို နည်းပြအဖြစ် ခန့်အပ်လိုက်ပါတယ်။ ဂရန်နာဒါက အသင်းရလဒ်တွေ မကောင်းလို့ နည်းပြကို ထုတ်ပယ်ပြီး နည်းပြသစ်အဖြစ် တိုနီ အဒမ်စ်ကို ခန့်အပ်လိုက်တာပါ။ လောလောဆယ် ဂရန်နာဒါအသင်းဟာ စပိန်လာလီဂါ အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရှိနေပြီး တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။ အသင်းကနေ နည်းပြအဖြစ် အသက် ၅၀ အရွယ် တိုနီ အဒမ်စ်ကို ရာသီမကုန်ခင်အထိ တာဝန်ပေးလိုက်တာ ဖြစ်ပါတယ်။ အသင်းရဲ့ ကြေညာချက်မှာတော့ နည်းပြသစ်အပေါ် ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောဆိုထားပါတယ်။ အာဆင်နယ်ကစားသမားဟောင်း တိုနီ အဒမ်စ်ဟာ နည်းပြအဖြစ် ပို့စ်မောက်အသင်း၊ ဝိုင်ကွန်ဘီနဲ့ အဇာဘိုင်ဂျန်ကလပ် ဂါဘာလာအသင်းတို့မှာ တာဝန်ယူခဲ့ဖူးပါတယ်။
4 years Ago
Up