စပိန် ကိုပါဒယ်ရေ ဖလားပြိုင်ပွဲမှာ ဘာစီလိုနာက ဗယ်လာနိုဗန်ဆီကို ၆ ဂိုး ၁ ဂိုးနဲ့ ပြတ်ပြတ်သားသား အနိုင်ရသွားပါတယ်။
ဘာစီလိုနာဟာ အိမ်ကွင်းမှာ ဒုတိယကလပ်ဖြစ်တဲ့ ဗယ်လာနိုဗန်ဆီကို ဘောလုံးပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူပြီး ယှဉ်ပြိုင်သွားပါတယ်။ ထိုးဖောက် ကန်သွင်းခွင့်မှာလည်း ၂၅ ကြိမ်အထိ ရခဲ့ပါတယ်။
ဗယ်လာနိုဗန်ဆီအသင်းဟာ ဘာစီလိုနာကို အစစ အရာရာ မယှဉ်နိုင်ဖြစ်ခဲ့လို့ ဂိုးပြတ်နဲ့ အရှုံးပေးလိုက်ရပါတယ်။
ဘာကာအတွက် ဦးဆောင်ဂိုးကို ၄ မိနစ်မှာ နောက်တန်းသမား အဲဗက်စ်က သွင်းယူပါတယ်။ ဒီပွဲမှာ ဘာကာတိုက်စစ်မှူး ရာမီရက်စ် ၃ ဂိုးသွင်းယူပြီး ဟက်ထရစ် ရသွားပါတယ်။
ဗယ်လာနိုဗန်ဆီအတွက် တလုံးတည်းသော ချေပဂိုးကို ၂၉ မိနစ်မှာ သွင်းယူပါတယ်။
ဘာစီလိုနာအတွက် နောက် ၂ ဂိုးကိုတော့ ဟတ်ဒါဒီက သွင်းယူပြီး ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ဘာစီလိုနာက အဓိက ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ၊ ဆွာရက်နဲ့ နေမာတို့ကို အနားပေးပြီး ယှဉ်ပြိုင်သွားပါတယ်။ ဒီပွဲနိုင်တဲ့ ဘာစီလိုနာက ကိုပါဒယ်ရေပြိုင်ပွဲမှာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
7 years Ago