စပိန်နွားရိုင်းသတ်ပွဲ

A d v e r t i s e m e n t With Us

September 12, 2016

စပိန်တွင် နွားရိုင်းသတ်ပွဲ ပိတ်ပင်ပေးရန် တောင်းဆိုဆန္ဒပြ

စပိန်နိုင်ငံမှာ နွားရိုင်းသတ်ပွဲကို ပိတ်ပင်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲတွေ စက်တင်ဘာ ၁၀ ရက်နေ့က မဒရစ်မြို့တော်မှာ ကျင်းပခဲ့ကြပါတယ်။ တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ အပါအ၀င် ဆန္ဒပြသူ ထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။ ဒီနွားရိုင်းသတ်ပွဲတွေဟာ စပိန်နိုင်ငံကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားတဲ့ စပိန်ရိုးရာယဉ်ကျေးမှုဆိုပြီး အားပေးထောက်ခံသူတွေ ရှိပေမယ့်လည်း ပိတ်ပင်ဖို့ တောင်းဆိုသူတွေက ပိုများလာနေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ဘာစီလိုနာမြို့တည်ရှိတဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက ကာတာလိုးနီးယားပြည်နယ်မှာတော့ လွန်ခဲ့တဲ့ ၅ နှစ်က ဒီနွားရိုင်းသတ်ပွဲတွေကို ပိတ်ပင်ခဲ့ပြီး မဒရစ်မြို့တော်မှာတော့ နွားရိုင်းသတ် သင်တန်းကျောင်းတွေကို အစိုးရက ထောက်ပံ့ကူညီမှုတွေ မပေးတော့ဘူးလို့ ဆိုပါတယ်။ အခုနှစ် ဇန်န၀ါရီလက တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေက ကောက်ခံခဲ့တဲ့ လူထုစစ်တမ်းတခုမှာ ဆန္ဒပေးသူ ၅၈ ရာခိုင်နှုန်းက ဒီနွားရိုင်းသတ်ပွဲတွေကို ပိတ်ပင်လိုကြတာ တွေ့ရပါတယ်။ ဒီနွားရိုင်းသတ်ပွဲတွေကို လုံးဝပိတ်ပင်လိုက်ရင် ဒေသခံတွေရဲ့ စီးပွားရေးကို သိသိသာသာ ထိခိုက်နိုင်တယ်လို့ စိုးရိမ်နေကြတဲ့ စပိန်ပြည်သူတွေလည်း ရှိတာမို့ ဒီပွဲတွေကို ပိတ်ပင်ရေး၊ မပိတ်ပင်ရေး ငြင်းခုံမှုတွေဟာ စပိန်နိုင်ငံမှာ ဆက်ဖြစ်နေဖို့ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
4 years Ago
Up