စပိန်နိုင်ငံက နွားရိုင်း လွှတ်ပြေးပွဲ (ရုပ်သံ)

July 12, 2015

စပိန်နိုင်ငံက နွားရိုင်း လွှတ်ပြေးပွဲ (ရုပ်သံ)

စပိန်နိုင်ငံမြောက်ပိုင်းက Pamplona မြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ နွားရိုင်းလွှတ်ပြေးပွဲကို ဇူလိုင် ၁၁ ရက်နေ့က ၅ ရက်မြောက်နေ့အဖြစ် ဆက်လက်ကျင်းပကြပါတယ်။ ဒီပွဲတော်ကို တပတ်ကြာကျင်းပတာဖြစ်ပြီး နိုင်ငံတကာက လာရောက်ပါဝင်ကြတာတွေလည်း ရှိပါတယ်။ မြို့ထဲလမ်းကြားတွေကနေ နွားရိုင်းသတ်ကွင်းထဲရောက် ၂ မိနစ်ခွဲလောက် နွားရိုင်းတွေ လွှတ်ပြီးပြေးရတာမှာ ဇူလိုင် ၁၁ ရက်နေ့ကတော့ နွားတကောင် ပြန်လှည့်ပြေးသွားခဲ့ပါတယ်။ ပြေးပွဲမှာ လူ ၄ ယောက်ဒဏ်ရာရခဲ့ကြပြီး တယောက်က ဒဏ်ရာပြင်းထန်တယ်လို့ ဆေးအဖွဲ့တွေက ပြောဆိုပါတယ်။ ၃ ယောက်က စပိန်နိုင်ငံသားတွေဖြစ်ပြီး တဦးကတော့ အမေရိကန်နိုင်ငံက လာရောက်ပါဝင်တဲ့သူလို့ ပြောဆိုပါတယ်။ ဗြိတိန်နိုင်ငံ၊ ဝေလပြည်နယ်က လာရောက်ပါဝင်ခဲ့သူတဦးကတော့ စပိန်နိုင်ငံသား Daniel Jimeno ၂၀၀၉ ခုနှစ်က နွားဝှေ့ခံရပြီး သေဆုံးခဲ့တဲ့နေရာနားမှာ သူလည်း အဝှေ့ခံရဖို့ ကပ်လွတ်ခဲ့တယ်လို့ ပြောဆိုပါတယ်။
6 years Ago
Up