စပိန်နိုင်ငံ

A d v e r t i s e m e n t With Us

July 6, 2019

စပိန်နိုင်ငံက ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ (ရုပ်သံ)

စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မှာ ဇူလိုင် ၄ ရက်က ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီအပြေးပြိုင်ပွဲဟာ မက်ဒရစ်မြို့ Gay Pride နှစ်ပတ်လည် ပွဲတော်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်ခေါင်မှာ ဇူလိုင်လ ၄ ရက်က ဒေါက်မြင့်ဖိနပ်စီး အပြေးပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲဝင်သူ တော်တော်များများက အမျိုးသားတွေဖြစ်ပြီး ပြည်တွင်းကသာမက ပြည်ပက ပြိုင်ပွဲဝင်တွေပါ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။ ဒီပွဲဟာ လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTတွေရဲ့ ဂုဏ်သိက္ခာလို့ နာမည်ပေးထားတဲ့ Gay Pride နှစ်ပတ်လည် ပွဲတော်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ “နည်းနည်းတော့ စိတ်လှုပ်ရှားတယ်။ ဘာလို့လည်းဆိုတော့ လူတွေက ဒီအပြေးပြိုင်နဲ့ ပတ်သတ်ပြီး စိုးရိမ်နေကြတယ်ထင်တယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်မှာတုန်းက ပိုပျော်စရာ ကောင်းတယ်” လို့ ဒေါက်မြင့်ဖိနပ်စီးအပြေးပြိုင်သူ က ပြောပါတယ်။ ဒီအပြေးပြိုင်ပွဲမှာ ပန်းတိုင်ကို ရောက်ဖို့ဆိုတာတော့ မလွယ်ပါဘူး။  စည်းမျဉ်းအရ ပြိုင်ပွဲဝင်တွေ စီးရမယ့်ဖိနပ်ဟာ ဒေါက်အမြင့် အနည်းဆုံး ၄ လက်မ ရှိရပါမယ်။ အနိုင်ရသူဟာ အောင်မြင်မှုအတွက် ဂုဏ်ပြုခံရတာတင် မကပါဘူး ဆုကြေးငွေ ယူရို ၃၅၀ လည်း ချီးမြင့်ခံရမှာ ဖြစ်ပါတယ်။ “စိုးရိမ်တာတွေအားလုံးကို ဖယ်ထုတ်ပလိုက်။ ပြီးရင် အပြေးပြိုင်ပြီး အနိုင်ယူလိုက် အဲဒီအတွက် ဒီကိုရောက်လာတာပါပဲ။” လို့ ဒေါက်မြင့်ဖိနပ်စီးအပြေးပြိုင်သူ က ပြောပါတယ်။ ကမ္ဘာ့အကြီးဆုံး LGBT ပွဲတော်တွေထဲက တခုဖြစ်တဲ့ မက်ဒရစ်မြို့ရဲ့ Gay Pride နှစ်ပတ်လည်ပွဲတော်ကို ဇူလိုင်လ ၆ ရက်မှာ ကျင်းပမှာဖြစ်ပြီး မက်ဒရစ်မြို့လယ်ခေါင်မှာ စီတန်းလှည့်လည်ပွဲတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မက်ဒရစ် Gay Pride ပွဲတော်ဟာ  ဥရောပရဲ့ အကြီးဆုံး Gay ပါတီအဖြစ်လည်း သတ်မှတ်ခံထားရပြီး နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သုံးသိန်းကျော် လာရောက်ဆင်နွဲကြလေ့ရှိပါတယ်။
2 years Ago
Up