စပိန်နိုင်ငံက သဲထိတ်ရင်ဖို ဒိုင်ဗင်ပြိုင်ပွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

September 27, 2015

စပိန်နိုင်ငံက သဲထိတ်ရင်ဖို ဒိုင်ဗင်ပြိုင်ပွဲ (ရုပ်သံ)

တံတားပေါ်ကနေ သဲထိတ်ရင်ဖို ဒိုင်ဗင်ထိုးချရတဲ့ အကြိမ် ၅၀ မြောက် ဒိုင်ဗင်ပြိုင်ပွဲကို စပိန်နိုင်ငံ၊ ဘီဘာလ်အိုမြို့မှာ စက်တင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲနောက်ဆုံးပွဲစဉ်မှာ အမေရိကန်နိုင်ငံမှ စတီဗင်လိုဗူးက အနိုင်ရရှိခဲ့တာ ဖြစ်ပေမယ့် စုစုပေါင်းအမှတ်အရ အင်္ဂလန်နိုင်ငံမှ ဂယ်ရီဟန့်တ်က ပွဲစဉ်တလျှောက် အကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမား ဒုတိယဆုကို ကိုလံဘီယာနိုင်ငံမှ အော်လန်ဒိုဒူကေးနဲ့ တတိယဆုကိုတော့ မက္ကဆီကိုနိုင်ငံမှ ဂျိုနသန်ပါရဒီးစ်က ရရှိခဲ့ကြတာပါ။ ဒိုင်ဗင်ကစားသမားတွေဟာ လာဆ်ဗေးအမည်ရတဲ့ တံတားပေါ်က အမြင့် ၂၇ ဒဿမ ၅ မီတာပေါ်ကနေခုန်ချကြရတာဖြစ်ပြီး ပြိုင်ပွဲပုံစံ ၈ မျိုးယှဉ်ပြိုင်ရတာပါ။ ပွဲစဉ်တလျှောက်အကောင်းဆုံးရရှိတဲ့ ဂယ်ရီဟန့်ဟာ နောက်ဆုံးပြိုင်ပွဲရ လဒ်အရ အဆင့် ၁၀ မှာရပ်တည်နေခဲ့တာဖြစ်ပြီး ပြိုင်ပွဲပုံစံ ၈ မျိုးမှာ ၆ မျိုးအနိုင်ရရှိ ခဲ့ပါတယ်။
5 years Ago
Up