စပိန်နိုင်ငံက ခရမ်းချဉ်သီးပေါက်ပွဲတော် (ရုပ်သံ)

A d v e r t i s e m e n t With Us

September 1, 2016

စပိန်နိုင်ငံက ခရမ်းချဉ်သီးပေါက်ပွဲတော် (ရုပ်သံ)

စပိန်နိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ခရမ်းချဉ်သီးပေါက်ပွဲတော်ကို နိုင်ငံအရှေ့ပိုင်းက ဗလင်စီယာ Valencia မြို့နားမှာ သြဂုတ် ၃၁ ရက်နေ့ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ကြပါတယ်။ နိုင်ငံတကာက လာရောက်သူတွေပါအပါအ၀င် ပွဲတော်မှာ ပါဝင်ဆင်နွှဲသူ ၂ သောင်းကျော်မယ်လို့ ပွဲတော်စီစဉ်ကျင်းပသူတွေက ပြောဆိုပါတယ်။ ပွဲတော်မှာ ပါဝင်ဆင်နွှဲသူတွေ ခရမ်းချဉ်သီးမှည့် တန်ချိန် ၁၇၀ ကျော်ကို တယောက်ကို တယောက်ပစ်ပေါက်ကစားကြတာဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သစ်သီးပေါက်ပွဲတော်လို့လည်း ယုံကြည်ကြပါတယ်။ ဒီပွဲတော် စတင်ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ ငြင်းခုံမှုတွေရှိနေပေမယ့် အများစု သဘောတူတာကတော့ ၁၉၄၀ စပိန်ဖက်ဆစ်အာဏာရှင် ဖရန်ကိုလက်ထက်က စတင်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။ ပွဲတော်မှာပါဝင်ဆင်နွှဲသူတဦးက “လူတွေ တော်တော်ကိုပျော်ရွှင်ကြတယ်။ တခါတလေ မျက်နှာကို ခပ်ပြင်းပြင်းထိမှန်ပေမယ့် မတတ်နိုင်ဘူး။ ဒါဟာ ဒီပွဲရဲ့သဘာဝပဲ။ ဒီလိုပွဲတော်မျိုး တခြား ဘယ်နေရာမှာမှ မရှိဘူး” လို့ ပြောဆိုပါတယ်။ ဒေသခံတွေကတော့ ဒီပွဲတော်မှာ အခမဲ့ပါဝင်ဆင်နွှဲခွင့်ရပေမယ့် တခြားက လာရောက်သူတွေကတော့ ယူရိုငွေ ၁၀ ယူရိုပေးကြရပါတယ်။
5 years Ago
Up