ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတွေရဲ့ ဥပဒေချိုးဖောက်မှုတွေ ကို ခွင့်ပြုခဲ့တဲ့ စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ် RFEF ကို ဖီဖာက ဆွစ်ဇ်ဖရန့် ၂၂၀၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
အသက် ၁၈ နှစ်အောက် နိုင်ငံတကာကစားသမားတွေကို ခေါ်ယူမှုမှာ မက်ဒရစ် အခြေစိုက် ကလပ် ၂ သင်းဟာ ဥပဒေချိုးဖောက်မှုတွေ ရှိတယ်လို့ ဖီဖာက ပြောပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်ကိုပါ ဖီဖာက အရေးယူလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာ အပြောင်းအရွှေ့၊ လူငယ်ကစားသမားတွေကို ပထမဆုံး စာချုပ်ချုပ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို RFEF က ချိုးဖောက်ခဲ့တယ်ဆိုတာ တွေ့ရှိရတယ်လို့လည်း ဖီဖာက ထုတ်ပြန်ပါတယ်။
ရီးယဲလ်နဲ့ အက်သလက်တီကိုအသင်းတွေကို ၂၀၁၇ ခုနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမား ဝယ်ယူခွင့်ကို ဖီဖာက ပိတ်ပင်တဲ့ ပြစ်ဒဏ်ပေးထားပါတယ်။ အဲဒီပြစ်ဒဏ်အတွက် ၂ သင်းလုံးက အားကစားဆိုင်ရာ ခုံသမာဓိရုံးကို အယူခံတင်ထားပါတယ်။
4 years Ago