စပိန်တောမီးကြောင့် ဒေသခံများနှင့် နိုင်ငံခြားခရီးသည်များ အိုးအိမ်စွန့်ခွာ ထွက်ပြေး

A d v e r t i s e m e n t With Us

September 6, 2016

စပိန်တောမီးကြောင့် ဒေသခံများနှင့် နိုင်ငံခြားခရီးသည်များ အိုးအိမ်စွန့်ခွာ ထွက်ပြေး (ရုပ်သံ)

စပိန်နိုင်ငံ ကို့စ်တာဘလန်ကာဒေသ ဂျာဗေယာမြို့နားမှာ စက်တင်ဘာ ၅ ရက်နေ့က တောမီး ဆက်ပြီးလောင်နေလို့ ဒေသခံ အယောက် ၁၀၀၀ ကျော်နဲ့ နိုင်ငံခြားသား ခရီးသည်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။ ဒီအပန်းဖြေစခန်းသာမြို့က မြို့ခံ တဝက်လောက်ဟာ နိုင်ငံခြားသား ခရီးသည်တွေပါ။ လူတွေက မီးလောင်မှု ၃ ခုကို စခဲ့တယ်လို့ ယုံတယ်။ စိုက်ခင်းတွေကို မီးစလောင်ခဲ့တယ်။ အဲဒီနောက် ဂျာဗေယာမြို့ထဲနဲ့ တခြားဒေသတွေက အဆောက်အဦတွေပါ မီးလောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒေသအတွင်း စက်တင်ဘာ ၄ ရက်နေ့က အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ်စ်၊ ၁၀၈ ဒီဂရီ ဖာရင်ဟိုက်ထိ ပူခဲ့ပြီး နေ့လယ်ပိုင်းမှာ မီးစလောင်ပြီး လေပြင်း ခြောက်သွေ့တဲ့ အခြေအနေတွေကြောင့် မီးက အမြန် ပျံ့နှံ့သွားခဲ့ပါတယ်။ လူအယောက် ၃၀၀ ကျော်ကို ဒေသတွင်း ကျောင်းတွေနဲ့ ခိုလှုံစရာ နေရာတွေမှာ နေရာချထားတယ်လို့ ညလုံးပေါက် မီးသတ်ခဲ့တဲ့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့က ပြောပါတယ်။ မီးငြှိမ်းသတ်ဖို့ လေယာဉ်တွေနဲ့ စစ်တပ်ကပါ ကူညီခဲ့တာပါ။ စက်တင်ဘာ ၅ ရက်နေ့ မနက်မှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ဒေသခံတွေ သူတို့အိမ်တွေဆီ ပြန်လာစစ်ဆေးနေခဲ့ကြပါတယ်။
4 years Ago
Up