စပိန်တောင်တက်သမား

January 9, 2019

ပီရူးတွင် နှင်းထုပြိုကျမှုကြောင့် စပိန်တောင်တက်သမားများနှင့် လမ်းပြ သေဆုံး

ပီရူးနိုင်ငံ အင်ဒီးစ်တောင်တန်းဒေသမှာ နှင်းထုပြိုကျမှုအတွင်း စပိန်တောင်တက်သမား ၃ ဦးနဲ့ သူတို့ရဲ့ ပီရူးလူမျိုး လမ်းပြတို့ သေဆုံးသွားပါတယ်။ သူတို့အုပ်စုထဲက လူတဦးသာ အသက်ရှင်ခဲ့တာပါ။ တောင်တက်သမားအုပ်စုဟာ ပေ ၁ သောင်း ၆ ထောင့် ၄ ရာမြင့်တဲ့ နေဗာဒိုမာတီအို တောင်ထိပ်ကနေ ပြန်လာအပြီး ဇန်နဝါရီ ၆ ရက်က နှင်းထုပြိုချိန် ဘေးသင့်ခဲ့တာပါ။ ပီရူး အမျိုးသားရဲဌာန တောင်တက်တပ်ဖွဲ့ဟာ အလောင်းတွေပြန်ရရေးနဲ့ အခင်းဖြစ်ရာ အန်ကက်ရှ်ဒေသရဲ့ မြို့တော် ဟွာရက်ဇ်က ရင်ခွဲရုံဆီ အလောင်းတွေကို ပြန်ပို့ရေး ဘေးကြီးတဲ့ အနေအထားတွေမှာ အလုပ်လုပ်နေတယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။ နေဇာဒို မာတီယိုတောင်ဟာ တောင်တက်ရတာကို ကြိုက်တဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားမှာ လူကြိုက်များတဲ့တောင်ထိပ် ဖြစ်ပါတယ်။
3 years Ago

June 24, 2015

ကာဂျစ်စတန်တွင် စပိန်တောင်တက်သမား ၃ ဦး ထောင်ထိပ်ပေါ်က လျှောကျ သေဆုံး

ကာဂျစ်စတန်နိုင်ငံ အာလာအာချာ အမျိုးသားဥယျာဉ်ထဲမှာ စပိန်တောင်တက်သမား ၃ ဦးဟာ ဇွန် ၂၁ ရက်နေ့က မီတာ ၄၆၀၀ အမြင့်ရှိတဲ့ တောင်ထိပ်တခုကနေ လျှောကျပြီး သေဆုံးခဲ့ပါတယ်။ အသက် ၁၈ နှစ်၊ ၂၃ နှစ်နဲ့ ၂၄ နှစ် ရှိကြတဲ့ တောင်တက်သူတွေဟာ ဇွန် ၁၆ ရက်နေ့က စပိန်နိုင်ငံကနေ ဗဟိုအာရှနိုင်ငံဆီ ၁ လကြာ ခရီးထွက်လာကြတဲ့ ၁၀ ယောက်အဖွဲ့ထဲက ဖြစ်ပါတယ်။ ကာတာလန် တောင်တက်အဖွဲ့ရဲ့ အဆိုအရ သူတို့ ၃ ယောက်ဟာ အတွေ့အကြုံရှိ တောင်တက်သမားတွေဖြစ်ပြီး သူတို့ရဲ့ လေ့လာရေးခရီးအတွက် လနဲ့ချီ ပြင်ဆင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ အလောင်းတွေကို ပြန်ရထားပြီး ကာဂျစ်မြို့တော် ဘစ်ရှ်ကက်က မှုခင်းဆေးပညာ စစ်ဆေးရေးဌာနဆီ ပို့ဆောင်ထားပါတယ်။ သူတို့တွေဟာ တောင်ပေါ်ကနေ တဟုန်ထိုး လျှောကျပြီး သေဆုံးတာလို့ ကာဂျစ်စတန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သေမှုသေခင်းဆိုင်ရာဌာန အကြီးအကဲ အယ်မက် မာ့ခ်ဆူတိုဗ်က အတည်ပြု ပြောကြားပါတယ်။ “သူတို့အလောင်းတွေကို စစ်ဆေးပြီးပါပြီ။ အလောင်းတွေရဲ့ မှုခင်းဆေးစစ်ချက်တွေ အားလုံးကိုလည်း လုပ်ဆောင်ပြီးပါပြီ။ သူတို့သေဆုံးရတဲ့ အကြောင်းရင်းက ဖိမိလို့ ဖြစ်ရတဲ့ အောက်ဆီဂျင် မရလို့ အသက်ရှူ မ၀တာကြောင့်လို့ မှတ်တမ်းယူထားတဲ့ ဆေးစစ်တမ်းကိုလည်း လုပ်ဆောင်ပြီးပါပြီ။ သူတို့လည်း မြေပြိုမှုအောက်မှာပဲ သေဆုံးသွားတာပါ။” တောင်တက်သမားတွေဟာ သူတို့ရဲ့စာတမ်းကို အထောက်အပံ့ဖြစ်အောင် ဘစ်ရှ်ကက်ကို လာရောက်ကြသူတွေ ဖြစ်ပါတယ်။ လူငယ်တောင်တက်သမား ၃ ယောက်ဟာ တောင်ပေါ် မြေထု ပြိုကျတဲ့အချိန်မှာ မတ်စောက်လှတဲ့ ကျောက်တောင်ကို တက်နေကြတာဖြစ်ပြီး ပြိုကျလာတဲ့ အရာတွေက သူတို့ကို တိုက်ချသွားတာ ဖြစ်တယ်လို့ စပိန်မီဒီယာက သတင်းထုတ်ပြန်ပါတယ်။ ကာတာလန်တောင်တက်အဖွဲ့ရဲ့ အဆိုအရ စာတမ်းပြုစုရေး အားလုံးပြီးဆုံးသွားရင် အလောင်းတွေကို စပိန်နိုင်ငံ ပြန်သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
6 years Ago
Up