ဇန်န၀ါရီ ၂၈ ရက်က ယှဉ်ပြိုင်သွားတဲ့ စပိန်ဘုရင့်ဖလား ဗလင်စီယာနဲ့ လက်စ်ပါးလ်မားစ်အသင်းပြိုင်ပွဲမှာ ဗလင်စီယာအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမပိုင်း မိနစ် ၂၀ မှာပဲ ရော်ဒရီဂိုက ဗလင်စီယာအတွက် အဖွင့်ဂိုးကို သွင်းယူသွားပြီး ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း ဒီရလဒ်ကို ထိန်းထားနိုင်တဲ့အတွက် ဗလင်စီယာတို့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။
စပိန် လာလီဂါမှာ နိုင်ပွဲပျောက်နေတဲ့ ဗလင်စီယာနည်းပြ မန်ယူကစားသမားဟောင်း နဗီးအတွက် စပိန်ဘုရင့်ဖလားမှာ ၄ ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ပါတယ်။
ပထမအကျော့မှာတော့ လက်စ်ပါးလ်မားစ်နဲ့ ဗလင်စီယာတို့ ၁ ဂိုးစီ သရေကျထားသလို ဒုတိယအကျော့မှာ ဗလင်စီယာက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့အတွက် ၂ ဂိုး ၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
အလားတူ ဆီဗီးလားအသင်းကလည်း ဒုတိယတန်းက မာရင်ဒီကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
ပထမအကျော့မှာ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ ၂ ပွဲပေါင်းရလဒ် ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။
ဆီမီးဖိုင်နယ်ကို ဘာစီလိုနာနဲ့ ဆဲလ်တာဗီဂိုတို့လည်း တက်ရောက်ထားလို့ ဘယ်အသင်းတွေ တွေ့ဆုံမယ်ဆိုတာ ဒီနေ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
7 years Ago