စပိန်အသင်း ၈ ဂိုးပြတ်သွင်းပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်လှ

A d v e r t i s e m e n t With Us

September 6, 2016

စပိန်အသင်း ၈ ဂိုးပြတ်သွင်းပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အဖွင့်လှ (ရုပ်သံဟိုက်လိုက်)

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စု ဂျီ အဖွင့်ပွဲစဉ်အဖြစ် နာမည်ကြီး စပိန်နဲ့ လက်ချင်စတိန်းတို့ စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ရာ စပိန်က ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်မှာ လက်ချင်စတိန်းအနေနဲ့ စပိန်ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်နိုင်မှု မလုပ်နိုင်ဘဲ ခြေစွမ်းချင်း ကွာဟတဲ့အတွက် ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ စပိန်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၀ မိနစ်နဲ့ ၆၆ မိနစ်မှာ ဒီယေဂိုကော်စတာ၊ ၅၅ မိနစ်မှာ ဆာဂျီ ရော်ဘတ်တို၊ ၅၉ မိနစ်နဲ့ မိနစ် ၉၀ မှာ ဒေးဗစ်ဆေးလ်ဗား၊ မိနစ် ၆၀ မှာ ဗီတိုလို၊ ၈၂ မိနစ်နဲ့ ၈၃ မိနစ်မှာ အယ်လ်ဗာရို မိုရာတာတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဒီအုပ်စု အခြားပွဲစဉ်တွေမှာတော့ အီတလီက အစ္စရေးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး အယ်လ်ဘေးနီးယားနဲ့ မက်ဆီဒိုးနီးယားတို့ ပွဲစဉ်မှာတော့ ၁ ဂိုးစီ သရေကျနေချိန် ရာသီဥတု ဆိုးရွားတဲ့အတွက် ပွဲကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ အုပ်စု ဂျီမှာ စပိန်နဲ့ အီတလီတို့ အသီးသီး အနိုင်ရခဲ့ပြီး ဂိုးကွာခြားချက်သာတဲ့ စပိန်က အုပ်စုထိပ်ဆုံးက ဦးဆောင်နေပါတယ်။
4 years Ago
Up