စပိန်အမျိုးသားနေ့ဂုဏ်ပြုပွဲ ပါဝင်ဆင်နွှဲသည့် တိုက်လေယာဉ်တစင်းပျက်ကျ၊ မောင်းသူ သေဆုံး

October 13, 2017

စပိန်အမျိုးသားနေ့ဂုဏ်ပြုပွဲ ပါဝင်ဆင်နွှဲသည့် တိုက်လေယာဉ်တစင်းပျက်ကျ၊ မောင်းသူ သေဆုံး

စပိန်အမျိုးသားနေ့ ဂုဏ်ပြုပွဲမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး လေယာဉ်မောင်းသူလည်း သေဆုံးသွားပါတယ်။ ယူရိုဖိုက်တာ (Eurofighter) တိုက်လေယာဉ်ဟာ အယ်လ်ဘာစီတီမြို့နားက လေတပ်အခြေစိုက်စခန်းအနီး လယ်ကွင်းထဲကို ပျက်ကျသွားခဲ့တာပါ။ ပျက်ကျသွားတဲ့ တိုက်လေယာဉ်ဟာ အောက်တိုဘာ ၁၂ ရက်က ကျင်းပတဲ့ ဂုဏ်ပြုပွဲမှာ ပါဝင်ခဲ့ပြီး ပြန်အလာ ပျက်ကျခဲ့တာဖြစ်တယ်၊ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲပဲလို့ စပိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားပါတယ်။
4 years Ago
Up