စပိန်သမိုင်းတလျှောက် ဘိန်းဖြူ ၃၃၀ ကီလိုဂရမ် စံချိန်တင်ဖမ်းမိ

November 30, 2017

စပိန်သမိုင်းတလျှောက် ဘိန်းဖြူ ၃၃၀ ကီလိုဂရမ် စံချိန်တင်ဖမ်းမိ

စပိန်နိုင်ငံသမိုင်းမှာ အများဆုံး ဖမ်းဆီးရမိမှုအဖြစ် ဘိန်းဖြူ ၃၃၁ ကီလိုဂရမ်ကို ဖမ်းမိခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ အခုဖမ်းမိတဲ့ ဘိန်းဖြူအများစုဟာ ဘာစီလိုနာ ဆိပ်ကမ်းကနေ အများဆုံးဖြစ်ပြီး ဘိလပ်မြေအိတ်ထဲမှာ သိုဝှက်ထားတာပါ။ ဘာစီလိုနာဆိပ်ကမ်းက ဘိလပ်မြေအိတ်တွေ ထည့်ထားတဲ့ ကွန်တိန်နာ ကိုးလုံးထဲကနေ ဘိန်းဖြူ ၂၃၆ ကီလိုဂရမ်ကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့တာပါ။ စပိန်နိုင်ငံမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်နေတဲ့ လူ ၃ ဦးကို စတင်ဖမ်းမိပြီးတဲ့နောက် အခုလို နောက်ထပ်ဘိန်းဖြူအများအပြား ဖမ်းမိခဲ့တာလည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံမှာ ၂၀၁၆ ခုနှစ်က ဘိန်းဖြူ ၂၅၃ ကီလိုထိ ဖမ်းမိခဲ့ဖူးကြောင်းလည်း စပိန်ပြည်ထဲရေးဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
4 years Ago
Up