စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ် ၄ - ၂ ဘီဘာအို (ဓာတ်ပုံ)

February 14, 2016

စပိန်လာလီဂါ ရီးရဲလ်မက်ဒရစ် ၄ - ၂ ဘီဘာအို (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၃ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘီဘာအိုကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ ပွဲအစ ၃ မိနစ်မှာပဲ ရော်နယ်ဒို သွင်းတဲ့ ဂိုးနဲ့ ရီးရဲလ်က ဦးဆောင်နိုင်ခဲ့ပါတယ်။ ဘီဘာအိုအတွက် ချေပဂိုးကို ၁၀ မိနစ်မှာ ဂိုနီက ပြန်လည်သွင်းယူပါတယ်။ ရီးရဲလ်ဟာ နည်းပြ ဇီဒန်းရဲ့ လက်ထက်မှာ ရှုံးပွဲ မရှိသေးဘဲ အိမ်ကွင်းမှာ ၇ ပွဲဆက်တိုက် အနိုင်ရထားပါတယ်။ ဒုတိယဂိုးကို ၃၇ မိနစ်မှာ ရော်ဒီဂွတ်က သွင်းယူပါတယ်။ အဲဒီနောက် ၄၅ မိနစ်မှာ တတိယဂိုးကို ကာရူးက သွင်းယူပါတယ်။ ရီးရဲလ်က အိမ်ကွင်းမှာ ဘောလုံး အသာစီးယူ ကစားနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။ အပိတ်ဂိုးကိုတော့ ၈၃ မိနစ်မှာ ဗာရာနီက သွင်းယူပါတယ်။ အဲဒီနောက်မှာ ဗာရာနီ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ ပွဲသိမ်းမိနစ်မှာ ဘီဘာအိုအတွက် ဒုတိယချေပဂိုးကို သွင်းယူပါတယ်။ နိုင်ပွဲဆက်တဲ့ ရီးရဲလ်က ၅၃ မှတ်နဲ့ ဇယားထိပ်က ဘာကာရဲ့နောက် ၁ မှတ်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
6 years Ago
Up