စပိန်လာလီဂါ ဗာလက်ကာနို ၂ - ၃ ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

April 24, 2016

စပိန်လာလီဂါ ဗာလက်ကာနို ၂ - ၃ ရီးရဲလ် (ရုပ်သံဟိုက်လိုက်)

ဧပြီ ၂၃ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာတော့ ရီးရဲမက်ဒရစ်အသင်းက ရေရို ဗာလက်ကာနိုအသင်းကို နောက်ကနေ လိုက်ကစားပြီး ၃-၂ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ အိမ်ရှင် ဗာလက်ကာနိုအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ပွဲစပြီး ၇ မိနစ်နဲ့ ၁၄ မိနစ်တွေမှာ အမ်ဘာဘနဲ့ မစ်ကီတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၅၊ ၅၂ နဲ့ ၈၁ မိနစ်တွေမှာ ဂျရတ်ဘေးလ်က ၂ ဂိုးနဲ့ လူးကပ်က ၁ ဂိုး သွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။ ရီးရဲလ်ဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက ဘာစီလိုနဲ့ ၁ မှတ်အကွာ ရမှတ် ၈၁ မှတ်နဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ အမှတ်ပေးဇယား ဒုတိယနေရာမှာတော့ အက်သလက်တီကိုက ရမှတ် ၈၂ မှတ်နဲ့ ရပ်တည်နေပါတယ်။
6 years Ago
Up