ဧပြီ ၁၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ စပိန်လာလီဂါပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်က ဂီတာဖေးအသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပေမယ့် ရီးရဲလ်က ဘောလုံးပိုင်ဆိုင်မှုအသာစီး ရယူကစားနိုင်ခဲ့ပြီး ဂိုးပြတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ရီးရဲလ်အတွက် အနိုင်ဂိုးတွေကိုတော့ ၂၉၊ ၄၀၊ ၅၀၊ ၈၈ နဲ့ ၉၀ မိနစ်တွေမှာ ဘန်ဇီမာ၊ အစ္စကို၊ ဂျရတ်ဘေးလ်၊ ဂျိမ်းရိုဒရီဂွက်ဇ်နဲ့ ရိုနယ်ဒိုတို့က အသီးသီးသွင်းယူခဲ့ကြတာ ဖြစ်ပါတယ်။
ဂီတာဖေးအတွက် တလုံးတည်းသော ဂိုးကိုတော့ ဆာရာဘီးယားက ပွဲချိန် ၈၃ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်က ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ၃၃ ပွဲကစား ရမှတ် ၇၅ မှတ်နဲ့ ဘာစီလိုနာအောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဂီတာဖေးအသင်းကတော့ ၃၃ ပွဲကစား ရမှတ် ၂၈ မှတ်နဲ့ တန်းဆင်းဇုန် အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
5 years Ago