အနာဂတ်မှာ စပိန်လာလီဂါ ပွဲစဉ်တွေကို အမေရိကန်နိုင်ငံမှာ ကျင်းပဖို့ ရည်ရွယ်နေတယ်လို့ သိရပါတယ်။
ရည်ရွယ်ချက်ကတော့ အမေရိကနဲ့ ကနေဒါတို့မှာ ဈေးကွက်ချဲ့ထွင်တဲ့အနေနဲ့ အခုလို ကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သတင်းတွေအရတော့ သဘောတူညီအချက်တချို့တောင် ရှိနေပြီလို့ သိရပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ အင်တာနေရှင်နယ် ချန်ပီယံဖလားပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အေစီမီလန်၊ ရိုးမား၊ တော့တင်ဟမ်၊ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပါဝင်ကစားခဲ့ကြပါတယ်။
လာလီဂါအနေနဲ့ ပထမဆုံး ပြည်ပမှာကျင်းပတဲ့ ပွဲစဉ်အဖြစ် စပိန်စူပါဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ တန်ဂျီယာမှာ ကျင်းပခဲ့ပြီး ဘာစီလိုနာအသင်းက ဆီဗီလာအသင်းကို အနိုင်ရ ဗိုလ်စွဲခဲ့ပါတယ်။
5 years Ago