စပိန်နိုင်ငံ၊ မာယော်ကာကျွန်းက တရားမဝင် လိပ်မွေးမြူရေးစခန်းတခုကို စပိန်ရဲတွေ ဝင်ရောက်နှိမ်နင်းခဲ့တယ်လို့ စပိန် အရပ်ဘက်ကာကွယ်ရေးအဖွဲ့က သြဂုတ် ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
စီးနင်းခံရတဲ့စခန်းမှာ လိပ်ကောင်ရေ ၁၁၀၀ ကျော်နဲ့ လိပ်ဥ ၇၅၀ ရှိနေတာပါ။
တရားမဝင် လိပ်မွေးမြူမှုနဲ့ ပတ်သက်ပြီး ဂျာမနီနိုင်ငံသား ၂ ဦးနဲ့ စပိန် ၁ ဦးကို ဖမ်းဆီးထားပြီး နောက် ၃ ဦးကို စုံစမ်းမေးမြန်းနေပြီလို့ ကြေညာချက်မှာ ပါရှိပါတယ်။
အဲဒီစခန်းကနေ လိပ်မျိုးစိတ် ၆၂ မျိုးကို တွေ့ခဲ့တာကြောင့် ဒါဟာ ဥရောပမှာ အကြီးဆုံး တရားမဝင် လိပ်မွေးမှုတခု ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းမိတဲ့ မျိုးစိတ်ထဲက အများစုဟာ နိုင်ငံတကာ သဘောတူညီချက်တွေထဲမှာ ပါဝင်တဲ့ မျိုးသုဉ်းနိုင်ချေရှိတဲ့ လိပ်မျိုးစိပ်တွေလို့လည်း စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
4 years Ago