စပိန်ရဲ

A d v e r t i s e m e n t With Us

September 16, 2015

ရာဇ၀င်လူဆိုးအဖြစ် အလိုရှိနေသည့် ပြင်သစ် ၄ ဦးကို စပိန်ရဲ ဖမ်းဆီး (ရုပ်သံ)

စပိန် အာဏာပိုင်တွေဟာ ရာဇ၀င်လူဆိုးအဖြစ် အလိုရှိနေတဲ့ ပြင်သစ်နိုင်ငံသား ၄ ဦးကို ဖမ်းဆီးထားလိုက်ပြီလို့ ရဲအဖွဲ့က စက်တင်ဘာ ၁၅ ရက်နေ့မှာ ကြေညာပါတယ်။ ဖမ်းဆီးထားသူတွေဟာ ပြန်ပေးမှု၊ ငွေညှစ်မှု၊ ဓားပြမှု၊ ရဲအရာရှိ ၂ ဦးကို သတ်ဖြတ်ဖို့ ကြိုးစားမှုတွေအတွက် အလိုရှိနေသူတွေ ဖြစ်ပြီး သူတို့ကို မာဘယ်လာမြို့မှာ ဖမ်းဆီးနိုင်ခဲ့တာပါ။ သူတို့အဖွဲ့ဟာ ပြင်သစ် စီးပွားရေးသမားတယောက်ကို ၂ လနီးပါး ဖမ်းဆီးပြီးတော့ ဘဏ်အချက်အလက်တွေကို အတင်းတောင်း၊ ယူရိုငွေ ၁ ဒသမ ၃ သန်းနဲ့ ရွှေတွေကို ဓားပြတိုက်ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။ ဖမ်းထားသူတွေဟာ အသက် ၄၅ နှစ်နဲ့ ၅၇ နှစ်ကြားအရွယ်တွေဖြစ်ပြီး ဓားပြမှု၊ လူသတ်မှုတို့အတွက် ထောင်ကျနေတုန်းမှာ ပေါင်းမိခဲ့ကြတယ်လို့ ယူဆနေကြပါတယ်။ သူတို့ ၄ ဦးစလုံးဟာ ရဲအရာရှိတွေကို သေနတ်နဲ့ပစ်ခဲ့တဲ့ ရာဇ၀တ်မှု မှတ်တမ်းလည်း ရှိပါတယ်။ ရဲအဖွဲ့က ထုတ်ပြန်တဲ့ ဗွီဒီယိုထဲ သူတို့ ခိုအောင်းနေတဲ့အိမ်မှာ လက်နက်ခဲယမ်းတွေ၊ ရွှေချောင်း ၅၆ ချောင်း၊ ယူရိုငွေသား ၉ သောင်း၊ သူတို့အသုံးပြုတဲ့ နည်းပညာပစ္စည်းတွေကို ဖမ်းမိခဲ့ပါတယ်။ ပြင်သစ်ဘက်အခြမ်းမှာလည်း တောင်ပိုင်းက တိုလူစီမြို့မှာ ပြင်သစ်ရဲနဲ့ စပိန်ရဲအဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးအတွင်း အမျိုးသား ၁ ဦးကို ဖမ်းမိတယ်လို့ လုံခြုံရေးအဖွဲ့တွေက ပြောပါတယ်။
5 years Ago
Up