စပိန်ဘုရင့်ဖလား ဘာစီလိုနာက ဘီဘာအိုကို ၃-၁ ဂိုးဖြင့် အနိုင်ယူဗိုလ်စွဲ

June 13, 2015

နှစ်ပေါင်း ၂၀ ကျော် နိုင်ငံအသင်း ဖလားလက်မဲ့ဖြစ်မှု အဆုံးသတ်ရန် မက်ဆီမျှော်လင့်

နိုင်ငံအသင်းရဲ့ နှစ်ပေါင်း ၂၀ ကျော် ဖလားလက်မဲ့ဖြစ်နေမှုကို ၂၀၁၅ ကိုပါအမေရိကဖလားမှာ အဆုံးသတ်နိုင်ဖို့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီက မျှော်လင့်နေပါတယ်။ ကလပ်အသင်းမှာ အောင်မြင်မှုတွေ များစွာရနေတဲ့ မက်ဆီအနေနဲ့ နိုင်ငံအသင်းနဲ့အတူ အောင်မြင်မှု မရသေးတာကို အဆုံးသတ်ချင်နေတာပါ။ သူ့အနေနဲ့ ကိုယ်ပါဖလားမှာ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်နေပြီး  ဘရာဇီး၊ ကိုလံဘီယာ၊ ဥရုရွေး နဲ့ အိမ်ရှင်ချီလီအသင်းတွေဟာလည်း တောင်တင့်ပြီး ဗိုလ်စွဲနိုင်တဲ့ အသင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။ အာဂျင်တီးနားအသင်းဟာ  ၁၉၉၃ ခုနှစ်  ကိုပါအမေရိကဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း နိုင်ငံကာ ပြိုင်ပွဲတွေမှာ  ဗိုလ်မစွဲခဲ့တာက နှစ်ပေါင်း ၂၂ နှစ် ရှိနေပြီဖြစ်ပါတယ်။
6 years Ago

June 10, 2015

အဲဗက်စ်ကို ဘာစီလိုနာက ၂ နှစ်စာချုပ် သက်တမ်းထပ်တိုး

ဘာစီလိုနာအသင်းက နောက်ခံလူ ဒါနီ အဲဗက်စ်ကို ၂ နှစ်စာချုပ် သက်တမ်း ထပ်တိုးလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဘရာဇီး ညာနောက်ခံလူဟာ ဒီလအကုန်မှာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ အစောပိုင်းမှာတော့ ဘာစီလိုနာက နောက်တန်းသမားကို စာချုပ်သက်တမ်းတိုးဖို့ တွန့်ဆုတ်နေခဲ့တာပါ။ ဒါကြောင့်လည်း အဲဗက်စ်ကို လီဗာပူးနဲ့ မန်ယူတို့က ခေါ်ယူတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘရာဇီး နောက်ခံလူဟာ ဘာစီလိုနာမှာ ၇ နှစ်ကြာ ကစားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့မှာတော့ ဘာစီလိုနာက ဆီဗီလာ ညာနောက်ခံလူ ဗီဒယ်ကို  ပေါင် ၁၆ သန်း ၀န်းကျင်နဲ့ ခေါ်ယူထားပါတယ်။ ဒါပေမယ့်လည်း ဖီဖာက ဘာစီလိုနာကို ဒီနှစ်ထဲမှာ ဘောလုံးသမားခေါ်ယူခွင့် ပိတ်ပင်ထားတဲ့အတွက် ဗီဒယ်အနေနဲ့ လာမယ့်နှစ်မှ ကစားပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာကာ နောက်ခံလူ အဲဗက်စ်ဟာ အသင်းနဲ့အတူ လာလီဂါဖလား ၅ ကြိမ်၊  ချန်ပီယံလိဂ် ၃ ကြိမ်နဲ့ စပိန်ဘုရင့်ဖလား ၃ ကြိမ် ရယူထားပါတယ်။
6 years Ago
More News
Up