စပိန်ဘုရင့်ဖလား

May 26, 2019

စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲတွင် ဗယ်လန်စီယာက ဘာစီလိုနာကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ စပိန်ဘုရင့်ဖလား ကိုပါဒယ်ရေ ဗိုလ်လုပွဲမှာ ဗယ်လန်စီယာက နာမည်ကြီး လာလီဂါ ချန်ပီယံ ဘာစီလိုနာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဗယ်လန်စီယာက အဝေးကွင်းမှာ ပထမပိုင်းမှာတင် ဂါမီရီယိုနဲ့ ရိုဒီဂိုတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒီပွဲမှာ ဘာစီလိုနာက တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ဂိုးပေါက် ခြိမ်ခြောက်တာလည်း ပိုလုပ်နိုင်ခဲ့ပါတယ်။ ဘာစီလိုနာအတွက် ချေပဂိုးကို တဂိုးကို ၇၃ မိနစ်မှာ မက်ဆီက သွင်းယူပါတယ်။ ဘာစီလိုနာအတွက်တော့ ဒီနှစ်ရာသီအပိတ်မှာ အဓိကကျတဲ့ ဆုဖလားတလုံးကို လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်း ဥက္ကဋ္ဌကတော့ အခုရှုံးပွဲဟာ နည်းပြရဲ့ အမှားလို့ မထင်ကြောင်း ပြောဆိုသွားပါတယ်။
2 years Ago

January 18, 2019

စပိန်ဘုရင့်ဖလားတွင် လီဗန်တေးကိုနိုင်ပြီး ဘာစီလိုနာ ကွာတားဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)

စပိန်ဘုရင့်ဖလား ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ လီဗန်တေးတို့ မနေ့ကယှဉ်ပြိုင်ရာ ဘာစီလိုနာက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ ယှဉ်ပြိုင်ခဲ့စဉ်က လီဗန်တေးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပေမယ့် ဘာစီလိုနာက နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၂ ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာပါ။ ဘာစီလိုနာဟာ တိုက်စစ်မှူး ဆွာရက်ဇ်နဲ့ အဓိက ဂိုးသမား တာစတီဂန်တို့ကို အရန်ခုန်မှာ ထားပြီး မက်ဆီ၊ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ရာကီတစ်၊ ဗီဒယ် စတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။ ပွဲချိန် မိနစ် ၃၀ နဲ့ ၃၁ မိနစ်မှာ ဒမ်ဘီလီက ဘာစီလိုနာအတွက် နှစ်ဂိုးဆက်သွင်းပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ လီဗန်တေးဟာ ပထမအကျော့မှာ အနိုင်ရထားပေမယ့် အခု ဘာစီလိုနာကွင်းမှာတော့ မယှဉ်နိုင်ဘဲ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အိမ်ရှင်အသင်းက အပြတ် အသာရခဲ့ပါတယ်။ ဘာစီလိုနာအတွက် ပွဲသိမ်း တတိယဂိုးကို ၅၄ မိနစ်မှာ မက်ဆီက သွင်းယူပေးခဲ့ပြီး ၃ ဂိုးပြတ်နဲ့အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။
2 years Ago
Up