စပိန်နည်းပြ

July 9, 2018

နည်းပြ ဟီဟဲရို စပိန်လက်ရွေးစင်အသင်းနှင့် လမ်းခွဲ

နည်းပြ ဖာနန်ဒို ဟီဟဲရိုဟာ စပိန်လက်ရွေးစင်အသင်းနဲ့ လမ်းခွဲလိုက်ပါတယ်။ စပိန်အသင်းဟာ ကမ္ဘာ့ပြိုင်ပွဲ ကျင်းပခါနီးမှ နည်းပြ လိုပက်တီဂွီကို ထုတ်ပယ်ခဲ့ပြီး ဟီဟဲရိုကို ယာယီအနေနဲ့ အစားထိုး ခန့်အပ်ခဲ့တာပါ။ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ စပိန်အသင်းဟာ ရုရှားကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ပြီး စောစောစီးစီး အိမ်ပြန်ခဲ့ရပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပြ ဟီဟဲရိုဟာ စိန်ခေါ်မှုအသစ်တွေ ရှာဖွေဖို့ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၅ဝ အရွယ် နည်းပြ ဟီဟဲရိုကတော့ အသင်းရဲ့ မအောင်မြင်မှုအတွက် တာဝန်ခံတယ်လို့ ပြောဆိုထားတဲ့အပြင် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ဘောလုံးမှာက ဒီလိုပဲ ဖြစ်တတ်တယ်လို့ ပြောပါတယ်။
3 years Ago
Up