စပိန်တွင် နိုက်ကလပ်အဆောက်ဦကြမ်းခင်း ပြိုကျ၊ ၂၂ ယောက် ဒဏ်ရာရ

November 27, 2017

စပိန်တွင် နိုက်ကလပ်အဆောက်ဦကြမ်းခင်း ပြိုကျ၊ ၂၂ ယောက် ဒဏ်ရာရ

စပိန်နိုင်ငံ တယ်နယ်ရီဖေ ကျွန်းပေါ်က နိုက်ကလပ် အဆောက်အဦမှာ မနေ့က ကြမ်းခင်းပြိုကျခဲ့လို့ လူ ၂၂ ဦး ဒဏ်ရာရတယ်လို့ ကျွန်းအစိုးရက သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်ကနေ ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ပြင်သစ်အမျိုးသား ၂ ဦး၊ ဘယ်လ်ဂျီယံ အမျိုးသမီး ၁ ဦးနဲ့ ရိုမေးနီးယားနိုင်ငံသား ၁ ဦး ပါတယ်လို့လည်း ပြောပါတယ်။ ဒေသစံတော်ချိန် ၂ နာရီခွဲမှာ မတော်တဆ ဖြစ်ခဲ့တယ်၊ ကြမ်းပြင်ကျွံကျလို့ လူတွေဟာ လေးမီတာ အမြင့်ကနေ အောက်ကိုကျခဲ့တယ်လို့ တယ်နယ်ရီဖေ မီးသတ်ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ တယ်နယ်ရီဖေကျွန်းဟာ ကာနာရီကျွန်းစုက အကြီးဆုံးကျွန်းဖြစ်ပြီး စပိန်နိုင်ငံအတွင်း ကာတာလိုးနီးယားပြီးရင် မနှစ်က လည်ပတ်သူ ဒုတိယမြောက် အများဆုံးဒေသလည်း ဖြစ်ပါတယ်။
4 years Ago
Up