စပိန်နိုင်ငံ ဘာစီလိုနာမြို့တောင်ပိုင်း မိုင် ၂၀၀ အကွာရှိ အယ်ကာနာမြို့မှာ အိမ်တလုံးကို ရဲတွေက သြဂုတ် ၂၀ ရက်နေ့မှာ ထိန်းချုပ် ဖောက်ခွဲခဲ့ပါတယ်။
ဒီအိမ်မှာ စစ်သွေးကြွတွေက ဘာစီလိုနာနဲ့ ကမ်ဘရေးစ်မြို့တွေကို တိုက်ခိုက်ဖို့ အစီအစဉ်တွေ ဆောင်ရွက်ခဲ့တယ်လို့ ရဲတွေက ယုံကြည်ကြပါတယ်။
ဒီအိမ်ဟာ သြဂုတ် ၁၆ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပြီး ပျက်စီးသွားခဲ့လို့လည်း အကြမ်းဖက်သမားတွေက ဘာစီလိုနာမှာ ကားနဲ့လိုက်တိုက်တဲ့ အစီအစဉ်ကို ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ရဲတွေက ယုံကြည်ကြပါတယ်။
အကယ်၍ ဒီအိမ်သာ ပေါက်ကွဲမှုမဖြစ်ခဲ့ရင် အကြမ်းဖက်သမားတွေက ဘာစီလိုနာမှာ ဖောက်ခွဲမှု အကြီးစားတခုလုပ်ဖို့ စီစဉ်ထားပုံရတယ်၊ အိမ်ထဲမှာသေနေတဲ့ အလောင်း ၂ လောင်းတွေ့ရှိပြီး ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်ပြီးပြီလို့လည်း ရဲတွေက ပြောပါတယ်။
ဒီအိမ်မှာ မီးဖိုချောင်သုံး ဓာတ်ငွေ့အိုး အလုံး ၁၀၀ ကျော် တွေ့ရှိခဲ့သလို အိမ်သုံး ဓာတုဗေဒပစ္စည်းတွေနဲ့ အလွယ်တကူ ဖန်တီးလို့ရတဲ့ TATP ဖောက်ခွဲရေးပစ္စည်းတွေ ရှိခဲ့ပုံရတဲ့ ခြေရာလက်ရာတွေလည်း တွေ့ခဲ့ရတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။
5 years Ago