စပိန်တိုက်လေယာဉ်တစီး ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

October 18, 2017

စပိန်တိုက်လေယာဉ်တစီး ပျက်ကျ၊ လေယာဉ်မှူး သေဆုံး

စပိန်စစ်တပ်ရဲ့ F-18 တိုက်လေယာဉ်တစီးဟာ မက်ဒရစ်မြို့စွန်မှာရှိတဲ့ တိုရေဟွန် စစ်အခြေစိုက်စခန်းမှာ အောက်တိုဘာ ၁၇ ရက်က ပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးသွားပါတယ်။ တိုက်လေယာဉ်ဟာ ပျံအတက်မှာ ပျက်ကျသွားတာ ဖြစ်တယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ ဓာတ်ပုံတွေအရ လေယာဉ်ပြေးလမ်းပေါ်မှာ မီးခိုးတန်းကြီးထွက်နေတာ မြင်တွေ့ရတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up