စပိန်စူပါဖလား ပထမအကျော့တွင် ဘာစီလိုနာ အနိုင်ရ

August 15, 2016

စပိန်စူပါဖလား ပထမအကျော့တွင် ဘာစီလိုနာ အနိုင်ရ (ရုပ်သံဟိုက်လိုက်)

စပိန်စူပါဖလားပြိုင်ပွဲ ပထမအကျော့မှာ ဘာစီလိုနာက ဆီဗီလာကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ လာလီဂါချန်ပီယံ ဘာစီလိုနာအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းကျမှ သွင်းယူပါတယ်။ ပထမပိုင်းမှာ ဆီဗီလာက ဘာကာအသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ဘာကာအတွက် ဦးဆောင်ဂိုးကို ၅၄ မိနစ်မှာ တိုက်စစ်မှူး ဆွာရက်က သွင်းယူပါတယ်။ ဒီပွဲမှာ ဘာစီလိုနာ ကစားနေကျ ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကို ၈၁ မိနစ်မှာ ဟတ်ဒါဒီက သွင်းယူပါတယ်။ စပိန်စူပါဖလား ဒုတိယအကျော့ပွဲစဉ်ကို ဘာစီလိုနာက အိမ်ကွင်းမှာ လာမယ့် သြဂုတ် ၁၇ ရက်မှာ ဧည့်ခံ ယှဉ်ပြိုင်ရမှာပါ။ ဘာစီလိုနာဟာ လာမယ့် သြဂုတ် ၂၀ ရက်မှာ စပိန်လာလီဂါ ပွဲဦးထွက်အဖြစ် ရီးရဲလ်ဘီတစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
5 years Ago
Up