စပိန်ကစားသမားများ

April 22, 2019

စာချုပ်သစ်ချုပ်ဆိုရေး ဘက်လိုက်မှုရှိနေ၍ မန်ယူမှ စပိန်ကစားသမားများ မကျေနပ်

ကလပ်ကစားသမားတွေ စာချုပ်သစ် ချုပ်ဆိုရေး စီစဉ်ရာမှာ အင်္ဂလိပ်ကစားသမားတွေကို ဘက်လိုက်မှုရှိနေတယ်ဆိုပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာရှိတဲ့ စပိန်ကစားသမားတွေ မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။ လုခ်ရှော၊ ဖီးလ်ဂျုံးစ်၊ စမောလင်း၊ အက်ရှ်လေယန်းတို့လို အင်္ဂလိပ်ကစားသမားတွေကို စာချုပ်သစ်ချုပ်ဆိုပြီး ဖြစ်ပေမယ့် စပိန်ကစားသမားတွေနဲ့ စာချုပ်သစ်ကိစ္စ ပြောကြားထားခြင်း မရှိတာကြောင့် ဒီဂီယာနဲ့ မာတာအပြင် ဟာရဲရားတို့လို ကစားသမားတွေကပါ မကျေနပ်ကြဘူးလို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာတော့ ကစားသမား ခေါ်ယူဖို့ထက် အသင်းက ကစားသမားတွေ ထွက်ခွာမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပြီး ပေါ့ဂ်ဘာလို အဓိက ကစားသမားလည်း ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
2 years Ago
Up