စပါး ၂ - ၂ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

March 6, 2016

စပါး ၂ - ၂ အာဆင်နယ် (ရုပ်သံဟိုက်လိုက်)

မတ် ၅ ရက်နေ့ညက ယှဉ်ပြိုင်သွားတဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ စပါးနဲ့ အာဆင်နယ်တို့ ၂ ဂိုးစီ သရေကျသွားပါတယ်။ နှစ်သင်းစလုံး ပြီးခဲ့တဲ့ တပတ် ပွဲစဉ်တွေမှာ ရှုံးထားလို့ ဒီပွဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ၃၉ မိနစ်မှာ ကွင်းလယ်သမား ရမ်ဆေးက သွင်းယူပါတယ်။ စပါးက သွင်းတဲ့ဂိုး တော်တော်များများကိုလည်း အာဆင်နယ် ဂိုးသမား အော်စပီနာ လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။ ၅၅ မိနစ်မှာ အာဆင်နယ် ကစားသမား တယောက် ဖျက်တာ ကြမ်းလို့ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ စပါးအတွက် ချေပဂိုးကို မိနစ် ၆၀၊ ဒုတိယ ဦးဆောင်ဂိုးကို ၆၂ မိနစ်မှာ ကိန်းက သွင်းယူပါတယ်။ နောက်ပိုင်း မိနစ်တွေမှာ တယောက်လျော့ အာဆင်နယ်အသင်း ကစားပုံ ပိုကောင်းလာပြီး ချေပဂိုးကို ၇၆ မိနစ်မှာ ဆန်းချက်က သွင်းယူပါတယ်။ အာဆင်နယ် နောက်ထပ် အခွင့်အရေးတွေ ရပေမယ့် တဖက် နောက်တန်း ကာကွယ်နိုင်လို့ သရေတမှတ်စီ ခွဲယူလိုက်ရပါတယ်။ ဒီပွဲသရေကျလို့ စပါးက ၅၅ မှတ်နဲ့ အမှတ်ပေးဇယားထိပ်က လက်ဆက်စတာရဲ့နောက် ၅ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်က ၅၂ မှတ်နဲ့ အဆင့် ၃ မှာ ရှိနေပါတယ်။
5 years Ago
Up